သောင်ပြင်မှာ ခြေရာမရှိ
အနာအဆာလဲ သူမသိပါ။
အမြဲလာရိုက်ခတ်တဲ့ လှိုင်းတွေက
သူ့အပေါ်ထင်သမျှ ခြေရာတွေနဲ့ အနာအဆာတွေကို
အလိုက်သိစွာ အမြဲဖယ်ရှားပေးလို့ပေါ့..။
ငါ့မှာတော့ မျက်ရည်တွေရှိတယ်။
နာကျင်ခြင်းကိုလဲ ငါသိတယ်။
ဒါပေမယ့်..
အမြဲကြင်နာတတ်တဲ့ နင့် အပြုံးတွေက
ငါ့ရဲ့မျက်ရည်တွေကို ခမ်းစေပြီး နာကျင်စရာတွေကိုလဲ
အလိုက်သိစွာ အမြဲဖယ်ရှားပေးခဲ့တယ်..။
ငါ ဟာ သောင်ပြင်လောက်တောင် အပြစ်ကင်းခြင်း မရှိပေမယ့်..
နင်ကတော့ လှိုင်းထက် အလိုက်သိပြီး ကြင်နာတတ်တဲ့
ငါ့ဘ၀ရဲ့ တစ်ဦးတည်းသော ရင်ခုန်ဘက်ပါ .. ..။
< ညလေးချို - 10:30 PM >

ReplyDeleteအနာအဆာလဲ သူမသိပါ။
အမြဲလာရိုက်ခတ်တဲ့ လှိုင်းတွေက
သူ့အပေါ်ထင်သမျှ ခြေရာတွေနဲ့ အနာအဆာတွေကို
---အလိုက်သိစွာ အမြဲဖယ်ရှားပေးလို့ပေါ့.........
ရင်ဘတ်နဲ့ ခံစားလျှက်ပါ
ကောင်းလိုက်တဲ့ ကဗျာလေးပါ ညလေးရေ။
ReplyDeleteတကယ့် ခံစားမှု့ အစစ်အမှန်ပေါ့။
အားပေးသွားတယ်။
ငါ ဟာ သောင်ပြင်လောက်တောင် အပြစ်ကင်းခြင်း မရှိပေမယ့်..
နင်ကတော့ လှိုင်းထက် အလိုက်သိပြီး ကြင်နာတတ်တဲ့
ငါ့ဘ၀ရဲ့ တစ်ဦးတည်းသော ရင်ခုန်ဘက်ပါ .. ..အဲတာ ဘူလေးလဲ..ဟင်
ချစ်တဲ့
မကြီးလွမ်း
ငါ့ဘ၀ရဲ့ တစ်ဦးတည်းသော ရင်ခုန်ဘက်ပါ .. ..။
ReplyDeleteရင်ခုန်ဖက် အပေါ်မှာအပြစ်မမြင်တတ်တဲ့ စိတ်လေး ချစ်ဖို့ကောင်းတယ် ညလေးရေ။
ReplyDeleteကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တစ်ဦးတည်းသော ရင်ခုန်ဘက်တဲ့လား ကြည်ဖြူရေ
ReplyDeleteငါ့မှာတော့ မျက်ရည်တွေရှိတယ်။
ReplyDeleteနာကျင်ခြင်းကိုလဲ ငါသိတယ်။
ဒါပေမယ့်..
အမြဲကြင်နာတတ်တဲ့ နင့် အပြုံးတွေက
ငါ့ရဲ့မျက်ရည်တွေကို ခမ်းစေပြီး နာကျင်စရာတွေကိုလဲ
အလိုက်သိစွာ အမြဲဖယ်ရှားပေးခဲ့တယ်..။
တကယ့်ကိုကောင်းတယ် ညလေး ။ချစ်ခြင်းမျက်ဝန်းနဲ့ကြည့်ရင် အပြစ်သေးသေးလေးတွေက ပျောက်ကွယ်သွားတတ်ပါတယ်
အရမ်းကောင်းတယ် ညလေးရေ
ReplyDeleteအဲ့အဓိပ္ပါယ်လေးအတိုင်းညလေး ဘ၀ ပြည့်စုံနေပါစေ
ငါ့ဘ၀ရဲ့တစ်ဦးတည်းသော ရင်ခုန်ဘက်နဲ့အတူ ထာဝရပျော်ရွှင်နိုင်ပါစေရှင် ... ကဗျာလေးကို အားပေးသွားပါတယ်နော် မမရေ ... :)
ReplyDeleteအားပေးသွားတယ် အမရေ...
ReplyDeleteအိုင်ဒီယာလေး ကောင်းတယ်ဗျ...:-)
အမရေ...ကဗျာလေးအားပေးသွားတယ်နော်...အရမ်းအရမ်းကိုကောင်းပါ၏
ReplyDelete