Pages

Wednesday, July 18, 2012

မျိုးစေ့များ မညှိုးမခြောက်ပါစေနှင့်







မိုးတဖြောက်ဖြောက်ရွာသည်။

ခမောက်ဆောင်း၍ လမ်းလျှောက်ပါ။

မျိုးစေ့များ အပင်ပေါက်လာပြီ။

မညှိုးမခြောက်ပါစေနှင့်။

မြေတောင်မြှောက်ပေးပါ။


~~~ ✿✿✿ ~~~


စာပိုဒ်လေးကို လူတိုင်းဖတ်ခဲ့ဖူးပါသည်။

သင်ယူခဲ့ဖူးကြသည်ဆိုလျှင် ပို၍မှန်မည်။

လေးလေးနက်နက် ဖတ်ကြည့်ပါ ..

အဓိပ္ပါယ် အင်မတန်မှ ရှိပါသည်။

ကလေးသူငယ်များအားလုံး ကျောင်းနေနိုင်ရေးအတွက်

ဆောင်ပုဒ်တွေနှင့် လုပ်ဆောင်နေကြသည်မှာ မှန်သော်လည်း

ဤစာပိုဒ်လေးကိုတောင် ဖတ်ခွင့်မရနိုင်သေးသော သူငယ်များသည်

အင်မတန်မှ ကံဆိုးလေစွ..။

ကွက်လပ်တိုင်း ဖြည့်ဖို့မလွယ် ..

အနာတိုင်း ဆေးထည့်လို့ မပျောက်တော့လည်း .. အင်း

သို့ပေမယ့် ကျွန်မတို့ လက်လှမ်းမှီသမျှ ကူညီနိုင်ကြရမယ်.. မဟုတ်လား .. ။

မျိုးစေ့တွေကို ကျွန်မတို့ တတ်အားသ၍ မြေတောင်မြှောက်ပေးနိုင်ရမည်ပေါ့ ..။

(ခံစားချက်ဆန္ဒတစ်ခုကို ရိုးသားပွင့်လင်းစွာ ရေးဖွဲ့ခြင်းမျှသာ)
 

4 comments:

  1. မျိုးစေ့တွေ မညှိုးခြောက်စေဖို့ အားလုံးဝိုင်းကြိုးစားကြတာပေါ့။

    ReplyDelete
  2. လူသားအားလုံး(လက်လှမ်းမှီသမျှ ကူညီနိုင်ကြရမယ်)

    ReplyDelete
  3. ခံစားချက်လေး ဖတ်သွားတယ် အမရေ...:-)

    ReplyDelete
  4. မျိုးစေ့လေးတွေ အပင်မှန်ပြီး သန်စေဖို့ အားလုံးက ဝိုင်းဝန်းကူညီရမှာပါ။

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥