Wednesday, July 18, 2012
မျှော်လင့်ချက်တွေသာ အမြဲအသက်ဝင်နေပါစေ
မဖြစ်နိုင်တဲ့ အရာဆိုတာ
မလုပ်ခင်အချိန်ထိသာ ဖြစ်တယ် ~~
ရှုံးမှာကို ကြောက်လို့ သင်မလုပ်ရဲရင်တော့
အခွင့်အရေး နောက်တစ်ကြိမ်ထပ်ရဖို့
သင့်အတွက် သေချာရဲ့လား !
သင် ဒါကို အသအချာ စဉ်းစားပါ ~~
အနိုင်အရှုံး ဘယ်အရာဖြစ်ဖြစ် သင်လက်ခံရဲရမယ် ~~
ငါ လုပ်ရင် ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့
သင် ရှေ့ကို တစ်လှမ်းတိုးကြည့်လိုက် ~~
နောက်ထပ် ခြေလှမ်းတွေကို သင့်သတ္တိနဲ့
ဆွဲခေါ်လာနိုင်အောင် ထပ်ကြိုးစား ~~
သင်ဟာ ယောက်ျားတစ်ယောက် ဆိုရင်
ရဲရဲတောက် မာန်အပြည့်နဲ့ပေါ့ ~~
သင်ဟာ မိန်းမတစ်ယောက်ဆိုရင်
အတည်ငြိမ်ဆုံး စိတ်ခွန်အားနဲ့ပေါ့ ~~
မှောင်တဲ့အခါတွေ ရှိပေမယ့်
မနက်ခင်းကတော့ ရောက်လာမှာပဲ..
သင့်မျှော်လင့်ချက်သာ အမြဲ အသက်ဝင်နေပါစေ ~~ ~~!!
~~~ ✿✿✿ ~~~
Subscribe to:
Post Comments (Atom)
ဟုတ်တယ် မျှော်လင့်ချက်သာ အသက်ဝင်နေဖို့အရေးကြီးတာပါ။
ReplyDeleteမျှော်လင့်ချက်ဆိုတာ အောင်မြင်မှုရဲ့ လက်တစ်ကမ်းမှာပေါ့ ညလေးရေ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်