Pages

Saturday, July 14, 2012

ချစ်တတ်ဖို့သာ လိုတယ်..








သိပ်ချစ်တဲ့သူက ရှုံးသတဲ့..

အချစ်ကို အနိုင်အရှုံးတွက်ကြည့်မယ်ဆိုရင်..

အဲ့ဒီအချစ်ကို ခံစားရှုမြင်တဲ့ သူအပေါ် မူတည်လိမ့်မယ်..။

ချစ်တတ်ရင်.. သင် မရှုံးပါဘူး..

သင့်ချစ်သူက သင်ထင်သလောက် သင့်အပေါ်မချစ်ဘူးဆိုပါစို့..

သင်က သိပ်ချစ်နေရတော့ သင်ရှုံးနေပြီလို့ တွေးတယ်..


ဒီလိုနဲ့..


မင်းကို ကိုယ်အရှုံးပေးရင်း.. ရှုံးနိမ့်ရင်းနဲ့ပဲ ချစ်သွားမယ်.. ချစ်သူ.. :(

.......


ဒီလို စာကြောင်းများစွာကို ဖတ်ရတာလည်း ရိုးအီလှပြီ..။


လူတစ်ယောက်နဲ့တစ်ယောက် ခံယူပုံချင်းတော့

မတူနိုင်ဘူး.. ဒါကို နားလည်ပါတယ်..။

ကျွန်မဆိုလိုချင်တာက.. သင်သာတကယ်ချစ်တတ်ရင်..

သင်ဘယ်တော့မှ မရှုံးပါဘူး..

သင့်ချစ်သူကို သင်အရမ်းချစ်နိုင်တယ်..

သိပ်ချစ်နိုင်တယ်.. ရူးမတတ်ချစ်နိုင်တယ်..

ထာဝရလို့သတ်မှတ်ပြီး ရိုးမြေကျ ချစ်နိုင်တယ်..

ဒီအတွက် သင်ဘယ်တော့မှ မရှုံးဘူး..။

တစ်ခုပဲ.. သင့်မှာ အချစ်အတွက်နဲ့ မလိုအပ်တဲ့ မာနတော့ ဖယ်ရမယ်..။

(ဒီနေရာမှာ မာန မလိုဘူးလေ)

သင့်ချစ်သူက သင့်အပေါ် ပေါ့ပျက်ပျက်သဘောထားပြီဆိုရင်

သင်ပိုပြီး ဂရုစိုက်လိုက်ပါ..

သင့်ချစ်သူက သင့်နောက်မှာ အသစ်တွေ့နေပြီဆိုရင်

သင် သဘောထားကြီးပေးလိုက်ပါ ..

သင့်ချစ်သူက သင့်အပေါ် ကြည်ကြည်လင်လင်မရှိတော့ဘူးဆိုရင်

သင်ပိုပြီး ကြင်နာပေးပါ..

သင့်ချစ်သူ သင့်အပေါ် မချစ်နိုင်တော့ဘူးဆိုတာ သေချာပြီဆိုရင်တော့

သင်ပြုံးပြုံးလေးနဲ့ သူ့ရဲ့ရွေးချယ်ခွင့်ကို လက်ခံပေးလိုက်ပါ..

(ဒေါသမထွက်ပါစေနဲ့.. သင်မရှုံးချင်ရင်ပေါ့)

ဒီလိုနဲ့..

သင့်ဘက်က အမှားတစ်စုံတစ်ရာမရှိတဲ့ အချစ်တွေနဲ့ သင်ချစ်ခဲ့ပြီးပြီပဲ..

သင့်လိုနောက်တစ်ယောက် သူ ထပ်မတွေ့နိုင်တဲ့အခါ ..

တစ်ချိန် နောင်တတရားနဲ့ သင့်ဆီ သူပြန်ရောက်တဲ့အခါ..

သင်သာ အပြုံးနဲ့ အတူ ချစ်နေသေးတဲ့စိတ်နဲ့ ကြိုဆိုနိုင်ရင်တော့

သင်တို့ချစ်သူနှစ်ယောက်လုံးရဲ့ ချစ်သက်တမ်းတစ်လျှောက်မှာ

အပြုံးတွေပဲ ဝေနေလိမ့်မှာပေါ့ရှင်..။

သူ့အပေါ် တစ်ချိန်လုံး ကောင်းခဲ့တဲ့ ချစ်သူတစ်ယောက်အပေါ်

သူ လုံးဝနားလည်လာခဲ့ပြီဆိုတဲ့အခါမှာတော့ ..

သူဘယ်တော့မှ သင့်အပေါ် အနိုင်ယူဖို့ မကြိုးစားတော့ဘူး..။

သင့်ကို သူက အရှုံးပြန်ပေးလာလိမ့်မယ် ...

ကဲ.. သင်ဘယ်မှာ သိပ်ချစ်တတ်လို့ ရှုံးဦးမှာလဲ ..။

အကောင်းဆုံးချစ်ခြင်းနဲ့ တစ်သက်လုံး အနိုင်ယူတတ်စမ်းပါလို့ .. ..။

10 comments:

  1. မှတ်သွားပါတယ်ညီမရေ...

    ReplyDelete
  2. ကောင်းပါတယ်ဗျာ တွေးတာလေးက...
    အကောင်းဘက်ကပဲ မြင်ပေးတာ ကောင်းပါတယ်...
    အားပေးသွားတယ် အမရေ...:-)))

    ReplyDelete
  3. အဲ့လိုပဲချစ်ရတော့မှာပေါ့.. အဟင့်

    ReplyDelete
  4. ညီမလေးရေ.
    ညီမလေးက ချစ်တတ်ဖို့ဘဲလိုတယ်။
    မကြီးလွမ်းက မှန်ကန်စွာချစ်တတ်ပါစေတဲ့..အဟဲ..
    အားပေးသွားတယ် ညီမလေးရေ



    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  5. အရမ်းဖတ်လို့ကောင်းတဲ့ ခံစားတက်စာစုလေးပါ..
    အဲလိုမျူိုး ကိုယ်ချစ်တဲ့ ချစ်သူကို ချစ်တက်ဖို့တကယ်လိုအပ်ပါတယ်.
    အကောင်းမြင်ဘက်ကပေါ့...

    ReplyDelete
  6. 'ချစ်တတ်ဖို့သာလိုတယ်' မှန်တာပေါ့ ညလေးရေ။
    မှတ်သားစရာ စာသားလေးတွေပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ချစ်တတ်ဖို့သာလိုတယ် .. မှန်ပရှင် .. အမး)

    ReplyDelete
  8. မှတ်သားသွားပါတယ် မမရေ ... ချစ်မိလို့ရှုံးရပါလားဆိုတဲ့ အတွေးမျိုး ဘယ်တော့မှနောက်ထပ်မတွေးမိအောင် ကြိုးစားပြီး မမပြောတဲ့နည်းလမ်းလေးတွေနဲ့ အနိုင်ယူပစ်လိုက်မယ်နော် ... :)

    ReplyDelete
  9. ကြည်ဖြူရေးထားတာလေး Facebook မှာ ဖတ်ရကတည်းက ကြိုက်လွန်းလို့ Share ထားပါတယ်။

    ReplyDelete
  10. အတွေးအခေါ် အပေါ် နှစ်သက်မိပါ၏ ... လူတစ်ယောက် က လူတစ်ယောက် ကို တကယ် ချစ်ဖို့ ဆိုတာ ထိုကဲ့သို့ အတွေးမျိုး လိုအပ်မည် ထင်ပါကြောင်း ...

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥