မေမေ
ဒီတစ်ည ၀င်းပတဲ့လက
တိမ်တွေဖုံး တစ်ခြမ်းလုံးပျောက်လို့
အလင်းတွေ ခပ်နှုံးနှုံးအောက်
ကြယ်တွေလည်း မပြုံးလေတော့
ရင်ထဲမှာ ဟာတာတာ
ညဥ့်နက်လာတာနဲ့ အမျှ
ဘ၀ခြားသွားတဲ့ မေမေ့ကို
လွမ်းရင်း ၀မ်းနည်းမိတယ်..။
ဟိုစဉ်ခါဆို အပြုံးချိုချိုနဲ့
လပြည့်ညကို ပုံပြင်တိုနားထောင်ရင်း
ကြယ်ရောင်လင်းလင်းအောက်
မေမေနဲ့အတူ လမ်းလျှောက်လို့
ညရနံ့အေးအေး ခပ်ဖြေးဖြေးရှူဖူးတော့..
ရူးမတတ်အလွမ်း စိတ်ကိုလာပြီး လွှမ်းတဲ့
တိမ်မဲကိုပဲ အပြစ်တင်ရင်ဖြင့်
ဆိုးတဲ့လူလို့ သမုတ်တဲ့သူတွေကို
သမီး ဆင်ခြင်ပေးစရာ
ဒီတစ်သက် ရှိတော့မှာ မဟုတ်တော့ဘူး.. ..
လွမ်းတယ်.. မေမေရေ လို့
အသံတွေဆို့နင့်အောင် အော်ရင်း
အသက်ရှူရပ်မတတ် ညရက်တွေကို
ကျိန်စာသင့်သူလို ပိုင်ခွင့်ရခဲ့သူက
မေမေ့ရဲ့ ဒီကလေးမပါ.. ..။
11:59 PM (လပြည့်ည)
ညီမလေးရေ.
ReplyDeleteမကြီးလွမ်းကတော့ ဦးဆုံးဖတ် ဦးဆုံးမန့်သွားတယ်။
အားပေးနေတယ်။ ရေးတတ်လိုက်တာကွယ်။
အိမ်က အမေ့ကိုတောင် ပြေးမြင်မိတယ်။ အသက်ရှင်လျှက်
ရှိသော်ငြား ဝေးနေတာကြာပြီမို့။
ခင်မင်တဲ့
မကြီးလွမ်း
လွမ်းတယ်.. မေမေရေ လို့
ReplyDeleteအသံတွေဆို့နင့်အောင် အော်ရင်း
အသက်ရှူရပ်မတတ် ညရက်တွေကို
ကျိန်စာသင့်သူလို ပိုင်ခွင့်ရခဲ့သူက
မေမေ့ရဲ့ ဒီကလေးမပါ.. ..။
ကဗျာကောင်းလေးအားပေးသွားပါတယ်
မေမေသို့လွမ်းချင်းလေး ဖတ်သွားတယ် ညလေးရေ။
ReplyDeleteကဗျာလေးတွေကို အမြဲအားပေးနေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သက်ရှိထင်ရှားရှိနေတဲ့ ညလေးမေမေ့ကိုတောင် ပြေးဖက်ပစ်ချင်စိတ်ပေါက်သွားတယ် မမရယ် ... ဖတ်ရင်းရင်ထဲဆို့နင့်လာတယ် ... ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ ... :)
ReplyDeleteမေမေ ကိုများများလွမ်းနော်..ချစ်သူထက်ပိုပြီးတော့ပေါ့..
ReplyDeleteပျော်ရွှင်ပါစေ..
ကဗျာလေးဖတ်ပြီး ထပ်တူထပ်မျှခံစားရပါတယ်.. မေမေကို ချစ်တတ်တဲ့သမီးချင်းတူတူဆိုတော့လေ..
ReplyDeleteအရမ်းမိုက်တယ်ဗျာ
ReplyDeleteအမေ့အကြောင်း ရေးထားတာ
တော်လိုက်တာ
အစ်မရေ ...သည်ကဗျာလေးကကို အရမ်းကြိုက်တယ်