Pages

Monday, July 2, 2012

ကိုယ်ချင်းစာတတ်စေ





















ငဲ့ပါ.. ညှာပါ..

ကိုယ်နဲ့တွေ့သူ မှန်သမျှ

တိုက်ပွဲကြမ်း ၀င်နေရလို့ပါ.. ..။


စာနာပါ.. သနားပါ..

အဆင့်အတန်း မခွဲခြားပဲ

ကြင်နာမှုတွေ ဖွင့်လှစ်ပြပါ.. ..။


ဆင်ခြင်ပါ.. ရှုမြင်ပါ..

ဘ၀ဆိုတာ ပုံသေမရှိတော့..

မြင့်ရာမှလည်း နိမ့်ရာသို့ ကျဆင်းတတ်လို့ပါ.. ..။

11 comments:

  1. ဖြစ်သင့်တာလေးတွေပေါ့ ညလေးရေ။ ကိုယ်ချင်းစာတရား လူသားတိုင်း ထားသင့်ပါတယ်။ မကူညီချင်ရင်တောင် အထင်မသေးသင့်ဘူးပေါ့ကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အရမ်းကောင်းတဲ့စာသားလေးတွေပါ
    ခံစားသွားပါတယ်ဗျာ

    ReplyDelete
  3. တကယ့်ကိုစာသားတွေကောင်းတယ်

    ReplyDelete
  4. ကိုယ်ချင်းစာတရားလေးရှိတော့ လူပီသတာပေါ့နော်။

    ReplyDelete
  5. ကိုယ်ချင်းစာတရားလေးသာ လူတိုင်းမှာရှိနိုင်မယ်ဆိုရင် ...... :)

    ReplyDelete
  6. ...ကိုယ်ချင်းစာတရား...
    လူသားတိုင်းမှာ ဒီကိုယ်ချင်းစာတရားကိုသာလက်ကိုင်ထားနိုင်မယ်
    ဆိုရင်ကမ္ဘာလောကကြီးတခုလုံးသာယာလှပနေမှာပါ...

    ReplyDelete
  7. အမှန်ပဲနော် ..
    ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒီကဗျာလေးကို ကြိုက်သွားခဲ့တယ်...:)

    ReplyDelete
  8. ကိုယ်ချင်းစာတရားနဲ့ ဖြူစိတ်ထားလေးများက စစ်မှန်တဲ့ အလှတရားတွေပါ..:)

    ReplyDelete
  9. ညလေးရေ.. အရမ်းကောင်းတဲ့စာသားတွေပါပဲ။ အားပေးသွားပါတယ်နော်:)

    ReplyDelete
  10. ဘ၀ဆိုတာ ပုံသေမရှိတော့..

    မြင့်ရာမှလည်း နိမ့်ရာသို့ ကျဆင်းတတ်တယ်တဲ့

    အမှန်ဆုံးပါပဲ .. :)

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥