Pages

Friday, June 22, 2012

သံသယရဲ့ ကောက်ကြောင်း



မသိချင်ယောင်ဆောင် ရတဲ့အလုပ်က လွယ်ပါတယ်..


ခက်တာက တုန်ခါနေတဲ့ နှလုံးသားထဲက စကားလုံးတွေ


နှုတ်ကနေ ကစဥ့်ကလျား ထွက်မကျဖို့..


ဒီတော့ ငါ့ရဲ့ တိတ်ဆိတ်ခြင်းကို မင်း အလိုက်သိစွာ ခွင့်ပြုပါတော့.. ..။




























စိတ်ကူးတွေ အိမ်မက်မက်ဖို့ လွယ်ပါတယ်..


ခက်တာက မတူညီတဲ့ စရိုက်နှစ်ခုကြား အက်ကွဲကြောင်းတွေကို


တွန်းအားပေးနေတဲ့ သံသယတွေရဲ့ မျက်စောင်း..


ဒီတော့ ငါ့ရဲ့ အဆိပ်သင့်အပြုံးတွေကို မင်း မျက်စိမှတ်လိုက်ပါတော့.. ..။

4 comments:

  1. မတူညီတဲ့ စရိုက်နှစ်ခုကြား အက်ကွဲကြောင်းတွေကို -----
    လာရောက်ဖတ်ခဲ့ပါတယ်

    ReplyDelete
  2. အားပေးသွားခဲ့ပါတယ် ညီမရေ

    ReplyDelete
  3. မိတ် လိုက်ပြီ မျက်စိ..
    အားပေးသွားတယ်နော်

    ReplyDelete
  4. အားပေးသွားတယ် ညီမလေးရေ။
    ပျော်ရွှင်ပါစေ


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥