Pages

Sunday, April 15, 2012

ရွှေဝတ်မှုန်ဆမ်း ကံကော်ပန်း


ပွင့်ဖတ်ဖြူဖြူ လေးရံမူကာ
လယ်မှာစံမြန်း ရွှေမှုန်ဆမ်းတဲ့
ရင်ဝယ်အေးချမ်း ကံ့ကော်ပန်းက
တစ်နှစ်တစ်ခေါက် ကဗျာပေါက်ဖို့
ပိတောက်ပန်းနဲ့ မပြိုင်ခဲ့ငြား
နွေဦးတစ်လျှောက် ပွင့်ချိန်ရောက်တိုင်း
ရွှင်မြူးတက်ကြွ ငါတောင့်တသည်။

သူ့ရနံ့သင်း ဆောင်းဦးနှင်းလို
ဒီနွေအခင်း ဖြိုကာခွင်းလို့
ရှူရှိုက်ရသူ အပေါင်းလူကို
ကြည်လင်အေးချမ်း စိတ်လန်းဆန်းစေ
မေတ္တာစွမ်းအင် ဖန်တီးရှင်မို့
လည်ပြီးတစ်ခေါက် ပြန်ချိန်ရောက်တိုင်း
နှမြောတသ ငါ လွမ်းလှသည်။

7 comments:

  1. ပန်းကိုလဲကြိုက်တယ်---ကဗျာလဲကြိုက်တယ်
    ပန်းကိုတော့ကော်ပီလုပ်သွားတယ်နော်
    အဖြူရောင်ရှိတဲ့ပန်း အားလုံးနီးပါးကြိုက်တယ်
    နေမကောင်းလို့အလာကျဲသွားတာ
    အတိုးပါပေးခဲ့တယ်
    အာဘွားးးးးးးးးးး

    ReplyDelete
  2. ကဗျာလေးကိုထပ်တူခံစားပေးသွားပါတယ်..

    ReplyDelete
  3. ကံ့ကော်ပန်းနံ့ကို အရမ်းကြိုက်တယ်..။ ကဗျာလေးလည်း ကောင်းတယ် :)

    ReplyDelete
  4. အမအကြိုက်ဆုံးပန်းလေးပေါ့ညီမရေ
    ရေးတတ်ပါပေ အားပေးခဲ့ပါတယ်..
    နှစ်သစ်မှာပျော်ရွှင်ပါစေ

    ReplyDelete
  5. ကဗျာဆြာမလေးရေ...နာလည်း ကံကော်ပန်းကိုကြိုက်တယ်...ကဗျာလေးကလည် မိုက်တယ်..ငါတော့အဲကလိုရေးတတ်ဘူး....ဟီးးးးး

    ReplyDelete
  6. သည်လိုဖွဲ့နွဲ့မှု့လေးတွေ အတော်ရှားသွားပြီဗျာ့
    ကြိုးစားပြီး များများရေးစေ့ချင်ပါတယ် မြန်မာ့ရနံ့သင်းသင်းနဲ့ ကဗျာပန်းခင်းလေး တည်ဆောက်နိုင်ပါစေဗျာ။

    လင့်ချိတ်ထားပါရစေဗျာ့ နော်။

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥