Pages

Saturday, April 14, 2012

ဖန်ဆင်းခွင့်ရှိတဲ့ အပြုံးတစ်ပွင့်


မင်းနဲ့ပတ်သတ်သမျှ
ကြုံဆုံတဲ့ကာလတစ်လျှောက်
လုပ်နိုင်သလောက်ထိ
ပေးဆပ်ခဲ့ခြင်းအတိလို့ အမည်မတပ်
ကြိုးစားပေးနေရက်နဲ့
မိန်းမတစ်ယောက်ရဲ့ မာနကို
မင်းလိုသလို ထပ်ဖြိုလည်း
အဆုံးမဲ့ သည်းခံရင်း
ဟိုစဉ်လို အရောင်ထပ်မတင်ဘူး..

ဒီထက်ပိုပြီးထူးလို့ ငါ ရူးမူးသက်ဝင်
မင်းအတွက်လိုက်သင့်ပင်
ငါ ဆက်သွားရင်း..
ဒီဘ၀ကို  သည်းကြီးမည်းကြီး
ပိုက်တွယ်လို့
အရှုံးများလည်း ဆက်ပြုံးနေမယ်..














မဲ့ခြင်းတစ်ချက် မစွက်ပဲ
ဘယ်တော့မှ မစဲတဲ့ အပြုံးနဲ့
ဥတုသုံးပါးလုံး ပန်ဆင်လို့လှမ်းရင်း
ငါ့ကမ္ဘာကို လရောင်ဆမ်း
ညတွေကို လှသလိုဖန်ဆင်း
မင်းကို အရိုးရှင်းဆုံး လွမ်းရင်း
ငါ အသက်ရှင်ခြင်းကို ပြုမယ် ..

~~~~~~~~~~~    ~~~~~~~~~~~

4 comments:

  1. ကဗျာဆရာမလေးရေ အဲ့လိုချစ်တော့မယ်ပေါ့....လေးစားပါတယ်ဗျာ....

    ReplyDelete
    Replies
    1. :).. ကဗျာဆိုတော့.. ဒီလိုပဲလေ.. တွေ့ကြုံမြင်ရသမျှ ကိုယ့်နှလုံးသားနဲ့ခံစားပြီး ရေးဖွဲ့နေတာပဲ.. အားလုံးကတော့ ကိုယ့်အတွေ့အကြုံမဟုတ်ပါဘူး.. တစ်ချို့ကတော့ လျှို့ဝှက်ချက်ရှိတာပေါ့လေ.. :P

      Delete
  2. ငါ့ကမ္ဘာကို လရောင်ဆမ်း
    ညတွေကို လှသလိုဖန်ဆင်း
    မင်းကို အရိုးရှင်းဆုံး လွမ်းရင်း-----နဲ့ပဲ
    ဒီကဗျာလေးကိုလာရောက်ဖတ်နေမိတာပါ

    ReplyDelete
    Replies
    1. ကော်ဖီသောက်ရင်း.. ဖတ်နေတာလား.. :)

      Delete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥