Pages

Saturday, April 21, 2012

ရွှေအိုရောင် ညနေ


မှိုင်းပြပြတောင်ဆွယ်
ရွှေအိုရောင်နွယ်လာတော့
ီရင်မှာတွယ်တာဖူးသော
ကဗျာထူးထူ့း ရွတ်လို့
ပျံနေတဲ့ ဟိုအဝေးထက်
အိပ်တန်းတက်ငှက်တို့ကို
နှုတ်ဆက်ချင်သလို ငေးမိတယ်..

မြောက်ပြန်လေညှင်းညှင်း
ကံ့ကော်နံ့သင်းသင်းလေး
ငါ့နံဘေးကဖြတ်ပြေးတော့
ကောင်းကင်ကို ငေးမောကြည့်
တိုးတိုးလေး ရယ်မိတဲ့ငါ
မြင်သမျှ ရှုခင်းကို
ခပ်ဖျော့ဖျော့ ရွှေအိုရောင် ခြယ်လိုက်တယ်။

8 comments:

  1. လာရောက်အားပေးသွားတယ် ညီမလေး ကြည်ဖြူရေ။



    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  2. ကဗျာလေးအားပေးသွားပါတယ်။။

    ReplyDelete
  3. အမ်း..ကဗျာတော့ တော်တော်ရေးတတ်တာပဲ...လူနဲ့ကဗျာ လိုက်ပါပေ့...။

    ReplyDelete
  4. ငါ့တော့ရွှေအိုရောင်မချယ်နဲ့နော်...ကဗျာဆရာမလေး....အားပေးသွားပါတယ်ဗျာ....

    ReplyDelete
  5. 'ရွှေအိုရောင် ညနေ'ဆိုတဲ့ ခေါင်းစည်လေးလှတယ် ညလေးရေ။
    ကဗျာလေး အားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ရွှေအိုရောင် ညနေ လေးကိုခံစားသွားပါတယ်ကောင်သောကဗျာလေးတပုဒ်ပါကျေးဇူးတင်ပါတယ်..

    ReplyDelete
  7. ကဗျာလေးက အရမ်းကောင်းတယ်.. ချစ်စရာပိုကောင်းတာ :)

    ReplyDelete
  8. အမြဲတမ်း ရွှေအိုရောင်တွေ ခြယ်သနိုင်ပါစေ ညီမလေး.။ အမြဲအားပေးနေမယ်နော်..။
    ခင်မင်လျက်
    အမလှိုင်း

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥