Pages

Monday, April 16, 2012

ညီမလေး.. မင်းအတွက်


အသဲကွဲရင်း မင်းလမ်းလျှောက်တဲ့အခါ .. ခလုတ်တိုက်ရင်း တလိုက်တဲ့အမေ့ကို မင်းသတိပြုမိရဲ့လား..
(မေမေပေးတဲ့ခြေအစုံကို မင်းဂရုစိုက်သင့်တယ်)

အသဲကွဲရင်း မင်း ၀ိုင်နှစ်ခွက် မော့တဲ့အခါ.. မင်းလက်တွေတုန်နေတာကို သတိပြုမိရဲ့လား..
(မေမေပေးတဲ့လက်တစ်စုံကို မင်းတန်ဖိုးထားသင့်တယ်)

အသဲကွဲရင်း  မင်းအားပါးတရ ငိုကြွေးတဲ့အခါ.. မင်းနှလုံးသားတို့နာကျင်တာကို သတိပြုမိရဲ့လား..
(မေမေပေးတဲ့နှလုံးသားတစ်စုံကို မင်းမနှိပ်စက်မိစေနဲ့လေ)

အသဲကွဲရင်း.. အသဲကွဲကြောင်း အော်ရင်း.. အသဲကွဲခဲ့တယ်လို့တွေးမိတဲ့ အဖြစ်စဉ်းစားရင်း..  အပိုတွေနဲ့ ရူးသွပ်နေတာကို မင်းသတိပြုပြီး ရပ်ပါတော့..
(မေမေပေးတဲ့အသည်းက တစ်စုံထက်ပိုပြီး မင်းမှာ အပိုပါမလာခဲ့ဘူးမဟုတ်လား)

ဘာဖြစ်ဖြစ်.. မင်းရဲ့အနာဂါတ်ကို အသဲကွဲခြင်းနှင့်မစလိုက်နဲ့။
မနက်ဖြန်တိုင်းမှာ မင်းအပြုံးတွေကို မင်းမေမေနဲ့အတူ မျှော်လင့်လင့်နေတဲ့သူတွေရှိတယ်။

11 comments:

  1. ကြည်ဖြူရေ..မကြီးလွမ်းရောက်ခဲ့တယ်။ ဘယ်သူ အသဲကွဲတုန်း။ အသဲကွဲလို့ ဝိုင်သောက်တယ်ဆိုရင်တော့ မကြီးအိမ်က အိမ်ဦးနတ်လည်း နေ့တိုင်းအသဲကွဲတယ် ထင်တယ်နော်။ အဟဲ
    နှစ်သစ်လေးမှာ ပျော်ရွှင်ပါစေ


    ခင်မင်တဲ့
    အလွမ်းမြို့

    ReplyDelete
  2. ကဗျာလေး အရမ်းကောင်းတယ်.. အားပေးသွားပါတယ်

    ReplyDelete
  3. မိန်းမချောလေး ကြည်ဖြူ့ဘလော့ကိုအလည်ရောက်ရင်း ဆုတောင်းပေးသွားပါတယ်
    နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေနော်

    ချစ်ခင်လျှက်

    မဒိုးကန်

    ReplyDelete
  4. ညီမလေးရဲ့ မေမေက ကျေးဇူးတင်ပါတယ်..

    ReplyDelete
  5. ကဗျာဆရာမလေးရေ..မိုက်တယ်ဟေ့...ကဗျာလေးကတော့ လန်းတယ်.....အားပေးတယ်...

    ReplyDelete
  6. အဲသလိုလေး အသည်းကွဲတတ်ချင်ပါရဲ့ :P
    (အမေ့ကျေးဇူးတော့ ဆပ်ဖူးချင်သားး ):D

    ReplyDelete
  7. ကဗျာလေးထိတယ်ကွယ် ကောင်းပါ၏

    ReplyDelete
  8. ခံစားသွားပါတယ်ဗျာ...
    ထောက်ခံပါတယ်....:)

    ReplyDelete
  9. ကဗျာလေး အားပေးသွားတယ် ညလေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. Hey your blog is very nice... Too bad I can't read them... :( :(

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥