Pages

Thursday, February 23, 2012

မဲ့ပြုံးတစ်ခုရဲ့ ကောက်ကြောင်း


ငါ့ ကို နင်လွမ်းတာ
တောင်တန်းကြီးက သိတယ်တဲ့လား ..
စကားမပြောတတ်တဲ့ တောင်တန်းကြီးကို
သက်သေမထူပါနဲ့ .. 


ငါ့ ကို နင် ဆွေးတာ
ပန်းလေးတွေကတောင် ငိုတယ်တဲ့လား ..
အမြဲပြုံးနေတဲ့ ပန်းလေးတွေကို
အကျည်းမတန်ပါစေနဲ့ ..

ငါ့ ကို နင်ချစ်တာ
အသွေးအသားထဲထိတဲ့လား ..
နင့် ကိုယ်ကို နင် ပိုချစ်မှန်း
ငါ သိနေတာကို မမေ့လိုက်ပါနဲ့ ..

နင့် ကိုဆို ကောင်မလေးတွေက
သဘောကျကြတယ်တဲ့လား ..
မတည်မြဲတဲ့ ရုပ်နာမ်တွေနဲ့
ငါ့ ကိုမဆွဲဆောင်ပါနဲ့ ..

ငါ့ အတွက်ဆို နင် ဘာမဆိုပဲ
ပေးဆပ်ဝံ့တယ်တဲ့လား ..
ဘာကိုမှ မတပ်မက်တဲ့
ငါ့ အတွက် နင် ဘာတွေပေးဆပ်မှာလဲ ..

ငါ မရှိတော့ရင် နင့် ဘ၀လဲ
အဓိပ္ပါယ်မဲ့ပြီတဲ့လား ..
နင့် ကိုမွေးပေးခဲ့တဲ့ မေမေတော့
သိပ်သနားဖို့ကောင်းတာပဲ ..

နင့် ရဲ့စကားသံလေးတွေက
ကြည်လင် ချိုမြနေလား..
ငါ့ အတွက်တော့ လေထဲက
ငှက်ခြေရာလေးတွေပါကွယ် ..

ငါ မရှိတဲ့ အဝေးမှာ
အထီးကျန်ဆန် နေရတယ်တဲ့ ..
တစ်ယောက်တည်း ရှင်သန်နေရတာကို
နှစ်သက်နေတဲ့ ငါ ပြုံးမိလိုက်ပါရဲ့ ..

ငါ့ အချစ်တွေ ရဖို့ မျှော်လင့်ချက်နဲ့
တမ်းတနေမယ့် နင့်ဆန္ဒတွေအတွက် ..
ဆံမဖြူခင် လွမ်းစေတီသာ
တည်ထားလိုက်ပါလားကွယ် ...။


~> from my older post ..


1 comment:

  1. ငါ့ အတွက်ဆို နင် ဘာမဆိုပဲ
    ပေးဆပ်ဝံ့တယ်တဲ့လား ..
    ဘာကိုမှ မတပ်မက်တဲ့
    ငါ့ အတွက် နင် ဘာတွေပေးဆပ်မှာလဲ ..

    ငါ မရှိတော့ရင် နင့် ဘ၀လဲ
    အဓိပ္ပါယ်မဲ့ပြီတဲ့လား ..
    နင့် ကိုမွေးပေးခဲ့တဲ့ မေမေတော့
    သိပ်သနားဖို့ကောင်းတာပဲ ..

    နင့် ရဲ့စကားသံလေးတွေက
    ကြည်လင် ချိုမြနေလား..
    ငါ့ အတွက်တော့ လေထဲက
    ငှက်ခြေရာလေးတွေပါကွယ် ..

    ငါ မရှိတဲ့ အဝေးမှာ
    အထီးကျန်ဆန် နေရတယ်တဲ့ ..
    တစ်ယောက်တည်း ရှင်သန်နေရတာကို
    နှစ်သက်နေတဲ့ ငါ ပြုံးမိလိုက်ပါရဲ့ ..

    ငါ့ အချစ်တွေ ရဖို့ မျှော်လင့်ချက်နဲ့
    တမ်းတနေမယ့် နင့်ဆန္ဒတွေအတွက် ..
    ဆံမဖြူခင် လွမ်းစေတီသာ
    တည်ထားလိုက်ပါလားကွယ် ...။

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥