Pages

Friday, January 6, 2012

ချစ်ခြင်းအတွက်



အချစ်မှာ ဂုဏ်တွေ ငွေတွေ မလိုပါဘူး..
(ထိုအရာတွေက အချစ်လောက် အစိုးမရနိုင်ဘူးလေ)


အချစ်အတွက် ပန်းစည်းတွေ ချော့ကလက်တွေမလိုပါဘူး…

(ထိုပန်းစည်းတွေက အချစ်လောက် ရေရှည်မမွှေးနိုင်သလို ချော့ကလက်တွေကလည်း အချစ်လောက် တာရှည်အထားမခံပါဘူး)


အချစ်အတွက် ကတ္တီပါလမ်း ပန်းခင်းလမ်းတွေ မလိုပါဘူး…
(ချစ်သူလက်ကိုတွဲပြီး ပလက်ဖောင်းပေါ်လျှောက်ရင်း ရယ်ရယ်မောမောစကားတွေပြောတဲ့အခါ နူးညံတဲ့ ကတ္တီပါတွေနဲ့ လှပတဲ့ ပန်းပွင့်လေးတွေဟာ အနင်းခံဘ၀ကို ရောက်စရာမလိုတော့ဘူးမဟုတ်လား)


အချစ်အတွက် သီးသန့်ရှင်သန်စရာ သေစရာမလိုပါဘူး..
(အချစ်အတွက်သာ ရှင်သန်ဖို့လူဖြစ်ရခြင်းဖြင့် ဘ၀ကို ဖန်တီးမြုပ်နှံရန်မလိုသလို အချစ်ကြောင့် ကိုယ့်အသက်ကိုအဆုံးစီရင်ခြင်းဖြင့် မိုက်မဲသော အပြုကို ပြုလုပ်စရာမလိုပါဘူး)


အချစ်တည်မြဲဖို့ ကတိပေးခြင်း လက်ထပ်ရခြင်းတွေ မလိုပါဘူး..
(ချစ်သူကို မည်မျှလောက်ချစ်ကြောင်း ကတိမပေးပါပဲနှင့် ရင်ထဲမှာ တလေးနက်နက်ချစ်နိုင်ပြီး မည်မျှလောက် တန်ဖိုးထားပြီး ချစ်မြတ်နိုးကြောင်း လက်ထပ်ခြင်းဖြင့် သက်သေပြစရာလည်း မလိုပါဘူး၊ လက်ထပ်လို့မရနိုင်တဲ့ အကြောင်းတွေကြောင့် လက်မထပ်ဖြစ်ပဲ နေသွားကြပြီး ရင်ထဲမှာတော့ ထာဝရအချစ်တွေကို မြှုပ်နှံထားနိုင်ပါ၏။)


အချစ်အတွက်ခံစားခြင်းမှာ ဝေးခြင်း နီးခြင်းတွေ မလိုပါဘူး..
(အဝေးဆုံးမှာ ရှိနေပေမယ့်လည်း ကြည်နူးစရာအိမ်မက်တွေ မက်ရင်း ချစ်သူနှင့် ပျှော်ရွှင်နိုင်သည့် စိတ်ကူးတွေက ချစ်သူနှင့်နီးနီးလေးမှာ ရှိနေသလို ခံစားနိုင်ပါ၏)


အချစ်အတွက် တကူးတက ရယူခြင်း တမင်တကာ ပေးဆပ်ရခြင်းတွေမလိုပါဘူး…
(အနူးညံ့ဆုံးအချစ်တွေနှင့် ချစ်သူကို အသက်ထက်ဆုံး ချစ်နေရစဉ်မှာ အချစ်အတွက် ရယူခြင်းပေးဆပ်ခြင်းတွေဆိုတာ အရေးကြီးသောအရာ မဟုတ်တော့ပါဘူး)


အချစ်မှာ ပျိုမြစ်ခြင်း ရင့်ရော်ခြင်းတွေ မလိုပါဘူး…
(အသက်တွေကြီးသွားသည့်တိုင် ချစ်သူကို ချစ်နေသည့်အချစ်နှင့် အစဉ်နုပျို နေလိမ့်မည်သာဖြစ်၏)

2 comments:

  1. အ၇မ်းကောင်းတဲ့ ပို့ စ်လေးပါ...အမြဲတမ်းအားပေးလျက်ပါ..မမညလေး...

    ReplyDelete
  2. ညလေးရေ အရမ်းကောင်းတယ်ကွယ်

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥