တကယ်ပင် သူခုံမင်တော့
မရုန်းထွက်ချင်.. မဆုံးချင်နဲ့
အပြုံးတွေစာဖွဲ့ ကာရံတွေနွဲ့လို့
ကြည်နူးစဉ်ခဏ အရာရာက
သာယာခြင်းတမျှ ရှိလေတော့လည်း… …
အိမ်မက်တစ်ခု အစပြုလို့
စုံစည်းဖို့ ဖန်လာမယ့်.. ဒီကံကြမ္မာကို
ပန်းခင်းလမ်းနဲ့.. သူကြိုဆိုဖို့
ရူးသွပ်ခဲ့တော့လည်း… …
အိမ်မက်တွေရှင်သန်
အမြင်မှန်တွေ ကြည်လင်လာတော့
သူ့စိတ်ကလေး အရိပ်နှေးအောက်
ပုံဖော်ခဲ့တော့လည်း… …
အိမ်မက်အဆုံးကို အပြုံးတွေနဲ့
တွယ်ကာနှောင်တော့ အမှောင်တွေဖျော့လို့
အရုဏ်တွေလင်းလာတောင် နံရံတစ်ဖက်ခြားမှာ
အသက်သွင်းလေတော့လည်း… …
သြော်..
ဒီလိုနဲ့ပဲ..
ဒီအိမ်မက်လေး ဝေးဝေးပြေးမှာ
စိုးပါသော်လည်းကွယ်..
အချိန်တန် နိုးပြန်ကာဖြင့်
နေလာနှင်းပျောက် အိမ်မက်တွေမှောက်ကုန်လို့
တစ်စစီလိုက်ကာဆက်ချင်လည်း
အရိပ်လေးတောင် မရှိတော့
လုလင်ကဗျာ ကာရန်မဲ့ပြန်.. ကျန်နေခဲ့ရန်သာ
ရှိတော့သည်ပဲ..။
No comments:
Post a Comment
အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..