Pages

Tuesday, November 8, 2011

သံယောဇဉ်


ဝမ်းနည်းတယ်.. တစ်ရံခါမှာ
သူလာကာ.. နှစ်သိမ့်လို့
အပြုံးတွေခူးကာ ပန်ပေးတယ်
နှလုံးသားတွေလည်း နူးညံ့ခဲ့ပါတယ်…။

မျက်ရည်တွေ မကျစေဖို့
သူလာကာ ဖေးမလို့
အားအင်တွေထမ်းကာ လာပေးတယ်
အသွေးသစ်တွေလည်း ရှင်သန်ခဲ့ပါတယ်..။

အားနည်းချက်တွေ အမြင်ကွယ်အောင်
သူလာကာ ဖျောက်ဖျက်လို့
မေတ္တာပန်းခင်း ဖန်ဆင်းပေးတယ်
ဘ၀တွေလည်း အားရှိခဲ့ပါတယ်..။

ရေစက်ရယ် စုံလာလေတော့
ဒီသံယောဇဉ်  အမြစ်တွယ်
မေ့ပျယ်ဖို့ပင်မလွယ်ပဲ
တစ်ဘ၀ တစ်ခါသာဖြင့်
မှတ်ကျောက်ကာတင်တော့မည်
မပျောက်ပျက်စေဖို့…။

No comments:

Post a Comment

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥