နေ့စဉ်နဲ့အမျှ ပင့်သက်ချခဲ့တာလေးတွေလည်း
မင်းဂစ်တာသံကြား ပျောက်ရှကုန်ပြီလေ..
မျက်ရည်တွေကြွေ ထုံးစံအချိန်လေးတွေလည်း
မင်းတေးဆိုသံကြား မှောက်ကျကုန်ပြီလေ..
မပျော်နိုင်လက်မှိုင်ချကာ ထောင့်လေးမှာမှီနေချိန်လေးတွေလည်း
မင်းရဲ့နှစ်သိမ့်ချိန်တွေကြား နောက်ကျကုန်ပြီလေ..
အပြုံးအသစ်လေးတွေကြား ခုဆို မြူးတူးနေလို့
အိပ်ရာထတိုင်းလည်း လန်းနေပါပြီလေ..
အတွေးအသစ်တွေကြား အမြဲ သီချင်းဆိုညည်းတတ်နေလို့
အသက်ရှူနေချိန်တိုင်းလည်း မွှေးပျံ့နေပြီလေ..
စိတ်ကူးအသစ်တွေကြား ညတိုင်း ကဗျာစပ်နေလို့
အိမ်မက်တွေတိုင်းလည်း ချိုသာနေပါပြီလေ.. .. ..။
















Yangon (Rangoon) Time
Bangkok Time
No comments:
Post a Comment
အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..