Pages

Tuesday, October 11, 2011

PHOENIX (ဖီးနစ်)

နေမင်းကို ..
ရေခဲအုပ်ဖို့စိတ်ကူးနဲ့ ..
အတောင်မစုံခင် ..
အသိုက်ကလွင့်လာတဲ့ ..
ငှက်တစ်ကောင်လို ..
ကံတရားကို
ချိုချဉ်စပ်ခါးမလုပ်တတ်ခင်တော့ ..
အပြစ်ကင်းမှာပေါ့ ..
ဒါပေမယ့် သူ့ရဲ့ ရှေ့ မှာ ..
သင်ခန်းစာတွေတစ်ပုံတစ်ပင်နဲ့
ဘ၀ရဲ့ ရသပေါင်းများစွာကတော့
အဆင်သင့်စောင့်နေလေရဲ့ ..
ဒါကိုကျော်သွားလို့မရပါဘူး ..
ဖြတ်သန်းရင်းနဲ့ သင်ယူရမယ်
သင်ယူရင်းနဲ့ ပျံသန်းနေရဦးမှာပါ ..
အမှားတွေလည်း လုပ်မိဦးမှာပါ .. အမှန်တွေလည်း ပြန်ပြင်တတ်လာမှာပါ ..
ဒီလိုနဲ့ နောက်ဆုံးမှာ ..
သူဟာ ဖီးနစ်ငှက်ကလေးလို ..
ရဲရင့်လာပါလိမ့်မယ် ..
ဒါဆို မီးလျှံကိုလည်း .. သူ မကြောက်တော့ဘူးပေါ့ … …။

No comments:

Post a Comment

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥