သီတင်းအကျွတ်မှာ..အလွမ်းဆွတ်လာလို့..
ရင်ထဲမှာ ဒီကဗျာကို..
အသက်လေးသွင်း..
တစ်ချက်ခြင်းပဲ ရေးဖွဲ့မယ်..။
ရိုးရှင်းတယ် ဒီကာရံတွေနဲ့
မာန်မပါ တကယ်အမှန်ပါလို့
ဒီချိန်ဆို အပျော်တွေရောင်ပြန်ဟပ်တယ်
ပွဲတော်မို့လေး..။
ဤချိန်ဝယ် ..
ဘုရားရှင် ကြွချီလာတာမို့
ဆီမီးတွေ လှိုင်လှိုင်ထွန်းညှိမယ်
မိုးထိကွယ်..
အလင်းတွေရောက်ဖို့
ထွန်းတောက်စို့ တို့တွေ ပူဇော်မယ်…။
ဒီအခါသမယ စိတ်ဝယ်ရှိသမျှ ..
အပြုံးတွေစာဖွဲ့ကာ ..
နှလုံးသားမှာ ပီတိလွှမ်း..
တို့ဘ၀လမ်း ငြိမ်းချမ်းကြစေကွယ် .. .. ..။















Yangon (Rangoon) Time
Bangkok Time
No comments:
Post a Comment
အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..