Pages

Saturday, October 22, 2011

မိန်းမဆိုတာ..

မိန်းမသားဆိုတာ .. သင်္ကန်းမ၀တ်ဆင်နိုင်ပေမယ့် .. မြင့်မြတ်တဲ့ သင်္ကန်းဝတ်နိုင်သူတွေကိုတော့ .. မွေးဖွားဖန်ဆင်းပေးနိုင်ပါတယ် .. ဒါဟာ လူသားထဲက မြင့်မြတ်တဲ့ မိန်းမသားတွေရဲ့ ဘ၀ပါ .. ယောက်ျားသားများနဲ့ ယှဉ်လျှင် ရွေးချယ်စရာ အခွင့်အလမ်းနည်းပါးခြင်းဟာ စိတ်ဓါတ်ကျစရာ အကြောင်းခံမဟုတ်ပါဘူး .. ။ ပုခက်လွှဲသော လက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်သတဲ့.. ။ သည်လိုဆိုလျှင် ဘာ့ကြောင့် အားငယ်ခြင်းတွေနဲ့ ရှင်သန်နေမှာလည်း ..။ ကမ္ဘာတစ်ခုရဲ့အစမှာ မိန်းမသားဆိုတာ ရှိနေခဲ့ရတယ်..။ သမိုင်းတစ်ချို့ရဲ့ စာမျက်နှာပေါ်မှာ မိန်းမသားတွေ ကျော်ကြားခဲ့ဖူးကြတယ်.. ။ တို့တွေရဲ့ စာမျက်နှာမှာလည်း အောင်မြင်ခြင်းတွေနဲ့ ရှင်သန်ကျော်ကြားဖို့အတွက်ကိုလည်း .. တို့တွေကိုယ်တိုင်ပဲ မလွဲမသွေ လုပ်ရမှာဖြစ်တယ်.. ။ မိန်းမသားတိုင်း တစ်ချိန်မှာ သမီးကောင်းဖြစ်ခဲ့ပြီး နောင်တစ်ချိန်မှာ မိခင်ကောင်းဖြစ်ရမယ်.. ။ နောင်တစ်ချိန် တို့တွေမရှိတော့တဲ့အခါ နောင်လာမယ့်မျိုးဆက်တွေဟာ.. တို့တွေကို သမိုင်းတစ်မျက်နှာမှာ ကျော်ကြားထက်မြက်မှုတွေနဲ့ တွေ့သင့်တယ်မဟုတ်ပါလား … … ။

2 comments:

  1. ဟုတ်တယ်..တော်တယ်..မိန်းမဆိုတာမိန်းမကောင်းမိခင်ကောင်း..ယောက်ျားကောင်းတို့မွေးဖွားပေးနိုင်တာ..ကျေးဇူး

    ReplyDelete
  2. သက်ရှိကမ္ဘာလောကကြီးထဲမှာ မေတ္တာအင်အားအကြီးမားဆုံးနဲ့ ဂုဏ်ဒြပ်အမြင့်မားဆုံး

    “အမေ”ဆိုတဲ့ဘ၀ကို မိန်းမသားတွေကသာရရှိကြတာပါညီမလေးရေ...မိန်းမတိုင်းဟာ

    အမေဖြစ်နိုင်ပေမယ့်မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့တော့အရည်အချင်းကောင်းတွေအ

    များကြီးလိုအပ်ပါတယ်။ အဲဒီလိုပဲယောက်ျားလေးတိုင်းဟာလည်း အဖေဖြစ်နိုင်သလို

    ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ အရည်အချင်းကောင်းတွေ အများကြီးလိုအပ်ပါတယ်။

    ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ယုတ်စွအဆုံး အဟိ တိရိစ္ဆာန်ပဲ ဖြစ်ဖြစ်ပါ ကိုယ်ရရှိ

    ထားတဲ့ ဘ၀မှာတန်ဖိုးရှိရှိ နေတတ်မယ်ဆိုရင် အားလုံးဟာ“ မြင့်မြတ် ” ကြတာ ကြီးပါပဲ...


    ယောက်ျားမို့ ပိုမြင့်မြတ်တယ်... မိန်းမမို့ပိုမြင့်မြတ်တယ် ဆိုတာမျိုးတော့မဟုတ်ပါဘူး...

    တန်ဖိုးရှိလှတဲ့လူ့ဘ၀ကိုရထားတဲ့ အချို့လူယောက်ျား၊ လူမိန်းမတွေက ကိုယ့်ထက်

    အစစအရာရာ အသိဥာဏ် နိမ့်ကျလှတဲ့ တိရိစ္ဆာန်တွေလောက်တောင် တန်ဖိုး မရှိကြ

    တာမျိုးတွေလည်း အကိုတို့ပတ်ဝန်းကျင်မှာရှိနေတယ် မဟုတ်လား ညီမလေးရေ...


    ပို့စ်ကောင်းလေးပါညီမလေးရေ...အကိုနိုင်းဆိုက်တွေမှာလည်တုန်းက ကောင်မလေးတွေ၊

    ကောင်လေးတွေအမြဲတမ်းငြင်းခုန်လေ့ရှိလှတဲ့ အကြောင်းလေးပါ... ယောက်ျားလေးနဲ့

    မိန်းကလေးဘယ်သူပိုကမြင့်မြတ်လည်း ဆိုတာပေါ့... အားလုံးဟာတန်ဖိုးရှိရှိနေတတ်ရင်

    မြင့်မြတ်တဲ့သူတွေပါပဲ ညီမလေးရေ...


    ကွန်မန့်ကတင်ထားတဲ့ပို့စ်ထက်ပိုရှည်နေပြီထင်ပါတယ် :P

    နေမကောင်းလို့လိုင်းမတက်ဘူးလို့နေတာပါ... ဒီပို့စ်လေးဖတ်လိုက်

    ရတော့ ရေးချင်စိတ်များသွားလို့ရေးရင် နဲနဲရှည်သွားတယ် ညီမလေးရေ....


    ခင်မင်စွာဖြင့်

    ရာဇာထွေး

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥