Pages

Friday, September 6, 2013

ဆိုကရေးတီးနဲ့ သင်ခန်းစာ



တစ်နေ့မှာ ပလေတိုက ဆရာဖြစ်သူ ဆိုကရေးတီးကို
“အချစ်” ဆိုတာဘာလဲလို့ မေးသတဲ့။ ဒီတော့ ဆိုကရေးတီးက ပလေတိုကို
ဂျုံခင်းထဲ နောက်ပြန်မလှည့်ပဲ တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံးနဲ့အကြီးဆုံး ဂျုံနှံတစ်ခုကို ခူးစေခဲ့ဖို့ ပြောလိုက်တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ်ကို
ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။
ဆိုကရေးတီးရှေ့ရောက်တော့ “အကောင်းဆုံးလို့ထင်တဲ့ ဂျုံနှံကို ကျွန်တော်တွေ့ခဲ့ပါတယ်။ ဒါပေမယ့် တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ထင်ပြီး မခူးခဲ့ပဲ ဒီထက်ကောင်းတဲ့အနှံ ရှိဦးမယ်ဆိုတဲ့အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ
ဘာမှမပါခဲ့မှန်း သိလိုက်ရတော့တယ်” လို့ ပြောတော့ ဆိုကရေးတီးက
“အဲ့ဒါ အချစ်” လို့ ပြောလိုက်တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဖြစ်သူ ဆိုကရေးတီးကို “လက်ထပ်ခြင်း” ဆိုတာ ဘာလဲလို့ မေးပြန်တယ်။ ဒီအခါ ဆိုကရေးတီးက ပလေတိုကို
ထင်းရှူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့ အကောင်းဆုံး
ထင်းရှူးပင် တစ်ပင်ကို ယူစေခဲ့တယ်။

သင်ခန်းစာတစ်ခါ ရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင် ယုံကြည်မှုအပြည့်နဲ့ ထင်းရှူးတောထဲ ၀င်ခဲ့တယ်။
နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုးကျဲတဲနဲ့ ပင်စည်ဖြောင့်တယ်လို့ ပြောလို့ရတဲ့ ထင်းရှူးပင်တစ်ပင်ကို နွမ်းနယ်နေတဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

“ဒါက အကောင်းဆုံး ထင်းရှူးပင်လား” လို့ ဆိုကရေးတီးက မေးတော့ “တစ်ပင်တည်းယူခဲ့ရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း မဆိုးဘူးလို့ထင်တဲ့ အပင်တစ်ပင်ကိုတွေ့တော့ ကျွန်တော့မှာ
အချိန်ရော၊ အင်အားပါ ကုန်ခမ်းနေတာကို သတိပြုမိလိုက်တယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာကို ဂရုမစိုက်တော့ပဲ ယူပြန်လာခဲ့တာပါ” လို့ ပြန်ပြောတော့ ဆိုကရေးတီးက “အဲ့ဒါ လက်ထပ်ခြင်း” ပဲလို့ ပြောလိုက်တယ်။

တစ်နေ့မှာ ပလေတိုက ဆရာ ဆိုကရေးတီးကို “တိတ်တိတ်ပုန်း” ဆိုတာ ဘာလဲလို့ မေးလာပြန်သတဲ့။ ဒီတစ်ခါမှာ ဆိုကရေးတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ခေါက်တုန့်ခေါက်ပြန်လျှောက်စေပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ရွေးခူးပြီး ယူခဲ့ဖို့ မှာလိုက်တယ်။ ဒီတော့ ပလေတိုက ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ထွက်လာခဲ့ပြန်တာပေါ့။ ၂ နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

“ဒါက အလှဆုံး ပန်းလား” လို့ ဆိုကရေးတီးက မေးတော့
“၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီး ခူးလာခဲ့တယ်။ ဒါပေမယ့် အပြန်လမ်းမှာ ပန်းက တစ်ဖြည်းဖြည်း ညှိုးနွမ်းသွားခဲ့တာပါပဲ” လို့ ပလေတိုကပြောတော့ ဆရာဖြစ်သူ ဆိုကရေးတီးက “အဲ့ဒါ တိတ်တိတ်ပုန်း” လို့ပြောလိုက်သတဲ့။



(ဒီပိုစ့်လေးကို လွန်ခဲ့တဲ့ ၃ နှစ်နီးပါးက mail ထဲကို ၀င်လာခဲ့တဲ့ Forward mail တစ်စောင်ပါ.. ဆိုကရေးတီးရဲ့ အဖြေကို နှစ်သက်လွန်းလို့ သိမ်းထားခဲ့တာ ကြာပါပြီ)

ညလေးချို - fri-6-3012 <1:44 PM>

12 comments:

  1. အဲ့တော့ ...
    အချစ်ကို တိတ်တိတ်ပုန်းလေး လက်ထပ်လိုက်မယ် ဆိုရင် ...
    ဘာမှ မပါဘဲ ... ပန်းအနွမ်းလေး နဲ့
    မကောင်းတကောင်း ထင်းရှူးပင်လေး မှီပြီး ...
    အိပ်ပစ်လိုက်ရမယ့် သဘောပေါ့နော် ... :P

    ReplyDelete
    Replies
    1. ဟဟ.. ကောင်းသားပဲ.. အဲ့လိုလည်း.. :P

      Delete
  2. ဟန်ကြည်September 6, 2013 at 6:01 PM

    အတော်ကောင်းတဲ့ ဥပမာ...ဆိုကရေးတီးအကြောင်း အတော်များများ ဖတ်ခဲ့ဖူးပေမယ့် ဒီတစ်ခုတော့ သတိမထားမိခဲ့ဘူး...ကျေးဇူး

    ReplyDelete
  3. ဆိုကရေးတီးအကြောင်းတွေ ဖတ်ချင်နေတာ အတော်ပဲ။ ခေါင်းစဉ်မြင်တာနဲ့ လာဖတ်လိုက်တာ။ ပြန်ရှယ်ပေးလို့ ကျေးဇူး။ တကယ် ဖတ်ရတာ အရသာ ရှိတယ်။

    ReplyDelete
  4. အခုမှ ဖတ်မိတယ်...အရင်တုန်းက ဆိုကရေးတီးတွေ ဖတ်ခဲ့ပေမယ့် ဒါ မဖတ်ရသေးဘူး
    ဘာပဲဖြစ်ဖြစ် အတွေးလေးတစ်ခုတော့ ရသွားတယ်
    ကိုယ့်လက်ထဲ စပါးနှံမရှိဘူး...ထင်းရှုးပင်လည်း မရွေးတတ်ဘူး :D :D

    ReplyDelete
    Replies
    1. ကိုယ့်လက်ထဲရှိဖို့မလိုပါဘူး.. တစ်ချိန်.. လက်ကလေးတစ်စုံရောက်လာမှာပါ.. :)
      အလည်ရောက်ခဲ့လို့ ၀မ်းမြောက်မိပါကြောင်း.. :)

      Delete
  5. ရင်လှိုင်းSeptember 14, 2013 at 4:20 PM

    အားလုံး သောသူတွေရဲ့ လက်ထဲ ပန်းလှလှ လေးပါလာဖို့ ၊ အကောင်းဆုံး ထင်ရူးပင်လေး ပါလာဖို့ နဲ့ ပန်းနွမ်းနွမ်း တွေနဲ့ ဝေးစေဖို့ ဆုတောင်းပေးပါရစေ။

    ReplyDelete
    Replies
    1. :).. လူတိုင်း ရင်လှိုင်းရဲ့ ဆုတောင်းလေး ရကြပါစေ..

      Delete
  6. ဖတ်မှတ် သွားပါတယ်အေ ။

    ဥပမာ ပြသွားပုံလေးတွေက
    ထိမိလှတယ် ။

    ReplyDelete
  7. ညီမလေးကြည်ဖြူရေ...ဖတ်သွားခဲ့ပါရဲ့၊ အမကတော့ ခုမှ ဖတ်ဖူးခြင်းရယ်ပါ၊ စာတွေလဲ ရေးပါအုန်းနော် ..... :) ကြည်ဖြူ့ ကဗျာလေးတွေ လွမ်းတယ်ကွယ် :)

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥