Pages

Thursday, December 27, 2012

မရူးရင် ထူးရအောင်





ထူးရင်ထူး မထူးရင် ရူးပေါ့..
ရူးရင်ရူး မရူးရင် ထူးပေါ့..

အားနည်းချက်တစ်ခုကြောင့်
သေမထူး နေမထူးဆိုပြီး ဘ၀ကိုအရှုံးပေးတာ..
မေတ္တာစိတ်နည်းတဲ့လူတွေကိုမြင်ပြီး ကိုယ့်ကိုယ်ကို ရှက်ရွံ့နေတာ..
သင် တွေးပါ..
ဒါဟာ တကယ်တော့ တရားသဘောပါ..
ဝဋ်ကြွေးတစ်ခုဆိုရင်တောင် သင် ပြုံးပြုံးလေးနဲ့ ပေးဆပ်ပါ..
သင့်ရဲ့ အရည်အသွေးတွေဟာ သင် အသက်ရှူနေသ၍ ရှိနေတယ်..
သင် ဖွက်မထားပါနဲ့.. သင့် အစွမ်းအစနဲ့ လုပ်နိုင်စွမ်းကို သင်ကောင်းကောင်းပြသနိုင်ပါတယ်..
လေ့လာပါ.. သင်နေတဲ့ ကမ္ဘာမှာ.. သင့်ပတ်ဝန်းကျင်မှာ အားကျ အတုယူစရာတွေရှိပါတယ်..
ထူးဆန်းအံ့သြစရာတွေကို လူတွေ လုပ်နေကြတယ်.. သင်လည်း ကြိုးစားနိုင်ပါတယ်..
သင့် ရည်အသွေးတွေကို သင် ကလွဲပြီး ဘယ်သူမှ ထုတ်ပြလို့ မရဘူးမဟုတ်လား..
ဘယ်လိုအခြေအနေဖြစ်ဖြစ်.. လူ ဖြစ်ရတဲ့အတွက် သင် ဂုဏ်ယူလိုက်ပါ…………….!

5 comments:

  1. မနက်ခင်းလေးမှာ သည်စာလေးကိုဖတ်လိုက်ရတာ တစ်နေ့တာအတွက် အားဆေးတစ်ခွက်သောက်လိုက်ရသလိုပါပဲ မမကြည်ဖြူရေ
    ကျေးဇူးပါ
    "ဘယ်လိုအခြေအနေဖြစ်ဖြစ်.. လူ ဖြစ်ရတဲ့အတွက် သင် ဂုဏ်ယူလိုက်ပါ…………….!"
    သည်စာသားလေးကိုလည်းအရမ်းကြိုက်တယ်
    ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေနော် မမကြည်ဖြူရေ
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete
  2. ပုံထဲက မိန်းကလေးကို ချီးကျူးပါတယ်။ လူဖြစ်ရကျိုးနပ်အောင်နေပါ့မယ် ညလေးရေ။ညလေး ပျောက်ပျောက်နေတယ်နော်။

    ReplyDelete
  3. ညလေးရေ ပုံလေးနဲ့ စာသားကတော့ တကယ်လိုက်ဖက်ပါတယ်။
    မကြီးလွမ်းလည်း ညီမလေးကို သတိရလွမ်းပါတယ်။
    ညီမလေးလည်း ပျောက်နေတာလေ။ နေကောင်းရဲ့လား


    ချစ်ခြင်းအားဖြင့်
    မကြီးလွမ်း

    ReplyDelete
  4. စာသားလေးတွေ အရမ်းကို သဘောကျနှစ်သက်မိပါတယ်မ..
    fb မှာရှဲပါရစေနော်...နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်..
    ချစ်တဲ့...မိုးနတ်

    ReplyDelete
  5. အားအင်တရပ်ရလိုက်သလိုခံစားရပါတယ် ခင်တဲ့ ရီတိုး

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥