Pages

Tuesday, September 18, 2012

မျက်ရည်တွေရဲ့နောက်



နေလာရင် လွင့်ပျယ်ရတာ မှန်ပေမယ့်လည်း နှင်းကတော့ စိတ်မှတ်ရှိမှာ မဟုတ်ဘူး..
အချိန်အခါဆိုတာ.. သက်ရှိသက်မဲ့တိုင်းမှာ သူ့နေရာနဲ့ သူ ရှိတယ်..
နေမထွက်မခြင်း လွတ်လပ်စွာ သူ ဝေဆာနိုင်တယ်..

မိန်းမတစ်ယောက် ဖြစ်ပေမယ့်လည်း လောကဓံကို စိတ်ပျက်နေမှာ မဟုတ်ဘူး..
မခံချင်စိတ်နဲ့သတ္တိဆိုတာ.. ယောက်ျား.. မိန်းမ တိုင်းမှာ သူ့အတိုင်းအတာနဲ့ သူ ရှိတယ်..
မသေမချင်း အံတင်းလို့ သူ တိုက်ပွဲဝင်နိုင်တယ်.
.
နှင်းဖြစ်လို့ နေကြောက်စရာမလိုဘူး..
မိန်းမတစ်ယောက်ဖြစ်လို့ လောကဓံကို အရှုံးပေးစရာမလိုဘူး..

လူဖြစ်မှတော့ သင်ငိုဖူးရမှာပဲ.. အားပါးတရငိုလိုက်စမ်း.. ရှိသမျှ မျက်ရည် သွန်ချ..
အားရအောင် ငိုပြီးတဲ့နောက်..

မျက်ရည်တွေရဲ့နောက်မှာ အလှပဆုံး အပြုံးတွေ ရှိကြောင်း သက်သေသာ ပြလိုက်ပါ.. .. ..။ ။


13 comments:

  1. မမရေ..ပို့စ်ကောင်းလေးကို အားပေးခဲ့တယ်နော်...ဟုတ်တယ်

    နှင်းဖြစ်လို့ နေကြောက်စရာမလိုဘူး..
    မိန်းမတစ်ယောက်ဖြစ်လို့ လောကဓံကို အရှုံးပေးစရာမလိုဘူး..

    တင်စားထားတာလေးကို နှစ်သက်မိတယ်..မမရေးထားတာလေးကောင်းတယ်...အားပေးသွားတယ်
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete
  2. လူတိုင်းမှာ အစွမ်းအစကိုယ်စီနဲ့ပါ ညလေးရေ။
    အဆိုးတွေရဲ့တစ်ဖက်မှာ အကောင်းတွေရှိနေတာ သဘာဝပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အားပေးသွားပါတယ်...မကြည်ဖြူ.....

    ReplyDelete
  4. နေလာရင် လွင့်ပျယ်ရတာ မှန်ပေမယ့်လည်း နှင်းကတော့ စိတ်မှတ်ရှိမှာ မဟုတ်ဘူး..
    အချိန်အခါဆိုတာ.. သက်ရှိသက်မဲ့တိုင်းမှာ သူ့နေရာနဲ့ သူ ရှိတယ်..
    နေမထွက်မခြင်း လွတ်လပ်စွာ သူ ဝေဆာနိုင်တယ်..
    စကားလုံးလေးတွေ အရမ်းလှတယ်
    အားပေးသွားပါတယ်ဗျာ

    ReplyDelete
  5. ဟုတ်ကဲ့ပါရှင် မှတ်ထားလိုက်ပါမယ်..:)

    ReplyDelete
  6. ပျောက်သွားပြီး ပေါ်လာတော့လည်း ပိုစ့်ကောင်းလေးတွေနဲ့ပါလား
    " လူဖြစ်မှတော့ သင်ငိုဖူးရမှာပဲ.. အားပါးတရငိုလိုက်စမ်း.. ရှိသမျှ မျက်ရည် သွန်ချ..
    အားရအောင် ငိုပြီးတဲ့နောက်..

    မျက်ရည်တွေရဲ့နောက်မှာ အလှပဆုံး အပြုံးတွေ ရှိကြောင်း သက်သေသာ ပြလိုက်ပါ.. .. .. "
    သည်စာကြောင်းလေးတွေကိုလည်း အရမ်းကြိုက်တယ် .
    ခွန်အားဖြစ်စေတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားတယ်နော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  7. အားရပါးရငိုရတာ တကယ်ပင်ပန်းသလို တကယ်လဲ ပေါ့ပါးသွားတယ် ကြည်ဖြူ။

    ReplyDelete
  8. နှင်းဖြစ်လို့ နေကြောက်စရာမလိုဘူး..
    မိန်းမတစ်ယောက်ဖြစ်လို့ လောကဓံကို အရှုံးပေးစရာမလိုဘူး..
    မိုက်တယ်စကားလုံးလေးတွေအားပေးသွားပါတယ်

    ReplyDelete
  9. ကောင်းလိုက်တဲ့ ပို့စ်လေးပါညီမလေးရေ....
    အားငယ်နေတတ်တဲ့ မိန်းမသားတွေအတွက် တော့ အားဆေးတစ်ခွက်
    ပဲညီမလေးရေ... အားပေးသွားသလို ကူယူလည်းသွားပါတယ် ညီမလေးရေ..

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  10. သက်သေပြလိုက်ပါ့မယ်။

    အမြဲငိုတတ်သူ
    လရိပ်အိမ်

    ReplyDelete
  11. နှင်းဖြစ်ရုံနဲ့ နေကို ကြောက်စရာမလိုဘူး
    အဟုတ်ပဲး)

    ReplyDelete
  12. ကောင်းလိုက်တဲ့ ခွန်အားဖြည့် ကဗျာလေးပဲ ညလေးချိုရေ

    ReplyDelete
  13. ငိုတယ်ဆိုတာ ရှေ့နှစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းဆုတ်ခြင်း။ I used to cry too ညီမလေး ကြည်ဖြူခင်ခင်။ :)

    ခင်တဲ့
    မြတ်

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥