နေ့သစ်တစ်နံနက်
အပြုံးတစ်ခက်နဲ့
ကော်ဖီတစ်ခွက်တော့
သင့်အတွက် လိုအပ်မယ်ထင်ပါတယ်..
မြင်ပါကွယ်.. လောကအလယ်မယ်
ကော်ဖီလို ခပ်ခါးခါး
ပြဿနာများဆိုတာလည်း ပေါသမို့ ..
သင့်အပြုံးလည်း ပျောက်မှာစိုးရတယ် ..
( အပြုံးတွေ မပျောက်စေပဲ.. မိုးလင်းတိုင်း ပြုံးကြရအောင် ..:) )
အပြုံးတစ်ခက်နဲ့
ကော်ဖီတစ်ခွက်တော့
သင့်အတွက် လိုအပ်မယ်ထင်ပါတယ်..
မြင်ပါကွယ်.. လောကအလယ်မယ်
ကော်ဖီလို ခပ်ခါးခါး
ပြဿနာများဆိုတာလည်း ပေါသမို့ ..
သင့်အပြုံးလည်း ပျောက်မှာစိုးရတယ် ..
( အပြုံးတွေ မပျောက်စေပဲ.. မိုးလင်းတိုင်း ပြုံးကြရအောင် ..:) )
ပြုံးပါ့မယ်။ ကဗျာလေးကိုခံစားအားပေးလျှက်...
ReplyDeleteမိုးတွေရွာတဲ့ မနက်ခင်းလေးမှာ
ReplyDeleteကော်ဖီလေးကိုသောက်ရင်း
ကဗျာလေးကိုဖတ်ရင်း
ပြုံးခဲ့ပါတယ်
မမကြည်ဖြူရေ
ဒီနေ့တော့ မပြုံးနိုင်တော့ဘူး ကြည်ဖြူရေ။ နောက်ရက်က စပြုံးပါမယ် ကတိ
ReplyDeleteမိုးအေးအေးမှာ ကော်ဖီနွေးနွေးလေးသောက်ရင်း(ကဗျာလေးဖတ်ရင်း)...
ReplyDeleteကျေနပ်နှစ်သိမ့်စွာ ပြုံးသွားပါတယ် ညီမလေးရေ...။
ခင်မင်စွာဖြင့်
ရာဇာထွေး
မမ ကဗျာလေးကို ဖတ်ပြီး မနက်တိုင်း ကော်ဖီသောက်ရင်း အပြုံးတွေကိုလည်း ထိန်းသိမ်းထားရမယ် ... :)
ReplyDeleteကျွန်တော်ကတော့.ကျဆိမ့်...လဖေ့ရေကိုပဲကြိုက်ပါတယ်..
ReplyDeleteဒါပေမယ့်..အမြဲပြုံးနေတာမို့...ပျောက်ဖို့ခက်ခဲလွန်းပါတယ်...:)
နံနက်ခင်းရော နေ့ခင်းရော တချိန်လုံးပြုံးနေပါ့မယ် ဘာလို့လဲဆိုတော့ အကိုက တစ်နေ့ကော်ကော်ငါးခွက်လောက်သောက်တာလေ ဟိ။မဂျက်ကိုသွားမပြောနဲ့နော်ဆူနေအုံးမယ်
ReplyDeleteကော်ဖီသောက်တိုင်း လွမ်းနေမယ်။
ReplyDeleteလွမ်းမိတိုင်းလည်း ပြုံးမိတယ်။
ပြုံးမိတိုင်းလည်း တွေ့ချင်တယ် - ညီမလေးကို...အဟဲ..
အားပေးသွားတယ်။
မမလည်း မနက်တိုင်း ကော်ဖီနဲ့အတူတူ နိုးထတယ်။ ဒါပေမယ့် ကော်ဖီခါးခါးတော့ မဟုတ်ဘူးကွဲ့။ White Coffee ချိုချိုလေးနဲ့။ :)
ReplyDeleteHave a beautiful day, Nyi Ma Lay!