A new life begins for us with every second.
Let us go forward joyously to meet it.
We must press on, whether we will or no,
and we shall walk better with our eyes before us
than with them ever cast behind.
ကျွန်တော်တို့အတွက် စက္ကန့်တိုင်းမှာ
ဘ၀သစ်တစ်ခု အစပြုတယ်။
သူနဲ့တွေ့ဆုံဖို့ ကျွန်တော်တို့ ၀မ်းပန်းတသာ ရှေ့ခရီးဆက်ကြပါစို့။
စိတ်ပါပါ မပါပါ
လျှောက်တဲ့နေရာမှာလည်း ကျွန်တော်တို့ မျက်လုံးတွေက
နောက်ကိုချည်း လှည့်မကြည့်ပဲ
ရှေ့ကိုပဲကြည့်နိုင်မှ ခရီးပိုတွင်မယ်..။
(JEROME K JEROME)
ဖြစ်သင့်တဲ့အရာပေါ့ ညလေးရေ။
ReplyDeleteမှန်ကန်တဲ့ဆုံးဖြတ်ချက်လေးမို့ အားပေးသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အနာဂတ်ခရီးအတွက်ရှေ့ဆက်တာပဲကောင်းတယ်။ နောက်ပြန်လှည့်ကြည့်ရင်တောင် သင်ခန်းစာယူဖို့ပဲ လှည့်ကြည့်သင့်တယ်။
ReplyDeleteမကြီးလည်း အားပေးသွားတယ်။ တကယ့် မှတ်သားစရာ စကားလေးပါ။
ReplyDeleteညလေး ပျော်ရွှင်ပါစေ
ချစ်တဲ့
မကြီးလွမ်း
မှတ်သားစရာလေးတွေကို မှတ်သားသွားပါတယ် ..
ReplyDeleteမှတ်သားစရာလေးတွေ မှတ်သွားတယ် အမရေ...:-)
ReplyDeleteလျှောက်တဲ့နေရာမှာလည်း ကျွန်တော်တို့ မျက်လုံးတွေက
ReplyDeleteနောက်ကိုချည်း လှည့်မကြည့်ပဲ
ရှေ့ကိုပဲကြည့်နိုင်မှ ခရီးပိုတွင်မယ်.
အဲဒါဟုတ်တယ်နော်အမအားပေးသွားပါတယ်။
ဘ၀ရဲ့ ရက်စွဲတွေအတွက်
ReplyDeleteဘာပဲဖြစ်ဖြစ် နောက်လှဲ့မကြည့်ဘူးဆိုရင်အကောင်းဆုံးပါပဲကြည်ဖြူရေ
အားပေးကဗျာလေးလိုဖတ်လိုက်ရလို့ကျေးကျေးညလေး
မှန်တဲ့ စာစုလေးနဲ့ လက်ကိုင်ထားရမယ့် သဘောတရားလေးပါ အမ ကြည်ဖြူခင်ခင်...း))
ReplyDeleteညလေးရေ...နေကောင်းပါစ..ကိုရွှေဝန်းအလည်လာသွားတယ်နော်...လင့်လဲချိပ်ပေလိုက်ပြီနော်
ReplyDeleteမေတ္တာဖြင့်..
ကိုရွှေဝန်း...
ညလေးရေ..နေကောင်းပါစ..လာလည်သွားတယ်နော်..လင့်လဲချိပ်ပေးမယ်နော်..အောင်မြင်ပါစေ...
ReplyDeleteမေတ္တာဖြင့်..
ကိုရွှေဝန်း
မမကြည်ဖြူရေ အလည်လာရင်း စာစုလေးကတော့ အဓိပ္ပာယ်အရမ်းရှိပါတယ်
ReplyDeleteလာအားပေးသွားတယ်နော် မမကြည်ဖြူ
အခုတစ်လော မိုးတွေတစ်အားရွာလွန်းလို့ထင်ပါတယ် လေစိမ်းတွေတိုက်နေတယ် ^_^
ဘေးကို ဝေ့၀ိုက်ကြည့် ငေးမောရင်း လမ်းလျောက်လို့လားမသိဘူး..
ReplyDeleteခရီးသိပ်မရောက်သလိုပဲ...
ပို့စ်ဖတ်ပြီး ကိုယ့်ကိုကိုယ် အဲဒီလိုအတွေးဝင်သွားတယ်...မကြည်ဖြူရေ...။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ