Wednesday, July 25, 2012
မင်းအတွက် ဆုလာဘ်
မင်း နှလုံးသားမှာ ငါ မရှိတဲ့နေ့
မင်း သတိမရတော့တဲ့ အခါ
အရာရာဟာ နံနက်ခင်းရဲ့ ရောင်ခြည်ဦးနဲ့ တူပါစေ ..။
မင်း အသိမှာ ငါ ဆုံးပါးတဲ့နေ့
မင်း မတွေးမိတော့တဲ့ အခါ
အရာရာဟာ ညနေခင်းရဲ့ လေပြည်ညှင်းနဲ့ တူပါစေ ..။
ငါ့ နှလုံးသားမှာ မင်း မရှိတော့မယ့်နေ့
ငါ ထွက်သက်ကုန်တဲ့အခါ
နှလုံးသွေးနဲ့ ရေးတဲ့
ငါ့ရဲ့ ညကဗျာ
မင်းအတွက် .. အိပ်ရာဝင် တေးတစ်ပုဒ် ဖြစ်ပါစေ ..။
~~~ ✿~ ✿~ ✿ ~~~
Subscribe to:
Post Comments (Atom)
ညလေးရေ...မိုက်တယ်ဟေး...အိပ်ယာဝင်တေးတစ်ပုဒ် ဖြစ်ပါစေတဲ့လား။
ReplyDeleteအဟီး...ကောင်းလိုက်တဲ့ စာသားတွေ။
အားပေးတွားတယ်။
ချစ်တဲ့
မကြီးလွမ်း
ကဗျာလေးကောင်းတယ်ဗျို.။ ကဗျာရေးတဲ. သူကလည်းချောတာကို နော်။
ReplyDeleteငြင်ငြင်သာသာရင်တွင်းလှိုင်းခတ်သံလေးအားပေးသွားတယ်ညလေးရေ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ငါ့ နှလုံးသားမှာ မင်း မရှိတော့မယ့်နေ့
ReplyDeleteငါ ထွက်သက်ကုန်တဲ့အခါ
နှလုံးသွေးနဲ့ ရေးတဲ့
ငါ့ရဲ့ ညကဗျာ
မင်းအတွက် .. အိပ်ရာဝင် တေးတစ်ပုဒ် ဖြစ်ပါစေ ..။
အိပ်ရာဝင်တေးတစ်ပုဒ် နားထောင်ရရင် ကောင်းမယ် ... :)
ReplyDeleteအချစ်ဆိုတာကလည်းပေးဆပ်ခြင်းနဲ့ချစ်တော့
ReplyDeleteမြင့်မြတ်တယ်လို့  ပြောတယ်..
ချစ်တတ်သလိုသာချစ်ပါ ညလေးရယ.်.....
အရမ်းကိုကောင်းတဲ့ ကဗျာလေးပါ ။
ReplyDeleteလွမ်းရင်းနဲ့ လမ်းခွဲရတာတောင် ချစ်သူအတွက်တောင်းဆုချွေပေးနေတုန်းပဲနော် ... မမ .. ကြိုက်တယ် ... ကဗျာလေးကို ... :)
ReplyDelete