Pages

Saturday, June 30, 2012

ဒါပေမယ့်လည်း.. ငါ ရှင်ပျော်ပါတယ်



















အနာဂါတ်အတွက် မျှော်လင့်ချက်တွေကြား

ရွှေဝါရောင် အတွေးများနဲ့ ငါ့စိတ်ကူး

နေရာချမှားခဲ့ဖူးတယ်..


ကြိုစားခြင်းတွေနဲ့ ရွက်လွှင့်

သတ္တိတွေ အခက်ပွင့်ဝေရင်းနဲ့ ငါဟာစူး

ဆူးတစ်ချောင်းတော့ နင်းခဲ့ဖူးတယ်..


ချွေးစက်တွေနဲ့ တာဝန်ကြား

ဗျာမများတတ်အောင်သင်ရင်း ခပ်ပါးပါးရူး

ကဗျာတွေလည်း ဖွဲ့ခဲ့ဖူးတယ်..


ဘ၀တစ်လျှောက် သတိနဲ့လှမ်း

အမြင်တွေမပြတ်တမ်းထားလည်း

အချစ်ဘက်ခြမ်း လမ်းကူးခဲ့ဖူးတယ်..


တတ်သမျှအရာ မပြောပတာမို့

လှမ်းမှီသမျှပညာ ငါသင်ယူရင်း

ကိုယ့်ကိုယ်ကို နှိမ့်ချခဲ့ဖူးတယ်..


ရတနာသုံးပါး မေ့မထားရင်း

ချွတ်ယွင်းချက်ရှိတဲ့ ဘ၀ကိုမြင်ရင်

ငါ့ကိုယ်ငါ ဆင်ခြင်ခဲ့ဖူးတယ်..


အားလုံးအတွက် သာတာရွေး

အမြန်မနှေးပဲ ခေါင်းကိုညိတ်လို့

ခံစားချက် မျိုသိပ်ခဲ့ဖူးတယ်..


အခါခါစဉ်းစား နောက်ကိုလှန်တွေးသွားရင်

မှားဖို့ဖြစ်ရမယ့် ကံတရားကြား ငါရှုံးရင်း

စံနှုန်းမပြည့်တဲ့အပြုံး ငါ့နှုတ်ခမ်းပါးက ရုန်းထွက်ခဲ့ဖူးတယ်..


ဝဋ်ကြွေးတစ်ခုရဲ့ အဆုံးသတ်နိဂုံးအတွက်

အမုန်းမရှိတဲ့ စိတ်နှလုံးနဲ့

အားလုံးကိုလည်း ခွင့်လွှတ်ခဲ့ဖူးတယ်.. .. ။

7 comments:

  1. ကြိုစားခြင်းတွေနဲ့ ရွက်လွှင့်

    သတ္တိတွေ အခက်ပွင့်ဝေရင်းနဲ့ ငါဟာစူး

    ဆူးတစ်ချောင်းတော့ နင်းခဲ့ဖူးတယ်---------
    ခံစားချက်တူတယ်

    ReplyDelete
  2. အားပေးခဲ့တယ်နော်

    ReplyDelete
  3. ရှင်ချင်တယ် နာ လဲ ရှင်ချင်တယ်။ကဗျာလေးကောင်း၏

    ReplyDelete
  4. ၀ဋ်ကြွေးတစ်ခုရဲ့ အဆုံးသတ်နိဂုံးအတွက်
    အမုန်းမရှိတဲ့ စိတ်နှလုံးနဲ့
    အားလုံးကို ခွင့်လွှတ်ခဲ့ဖူးတယ်

    အရမ်းကောင်းတဲ့စာသားလေးတွေနဲ့ဖမ်းစားနိုင်တဲ့ကဗျာလေး
    ပါ.. အားပေးသွားပါတယ်ညီမလေးရေ.. ကိုယ်တိုင်မရေး
    တတ်ပေမယ့် ခံစားလို့ရပါတယ်.. အားပေးလျှက်ပါ။

    စကားလေးတွေ.. လှချင် လှမယ်….
    ဒါဟာ.. ကဗျာ ဖြစ်တယ်….(ညလေး-ကြည်ဖြူခင်ခင် ရဲ့ကဗျာလေးများ)

    ကာရံတွေ.. နွဲ့ချင် နွဲ့မယ်…
    ဒါဟာ.. ကဗျာ ဖြစ်တယ်… (အမဖြူ-စံပါယ်ချို ရဲ့ကဗျာလေးများ)

    အရေးအသားတွေ.. ထန်ချင် ထန်မယ်…
    ဒါဟာ .. ကဗျာ ဖြစ်တယ်… ( ဖိုးချမ်း-ပဥာက် ရဲ့ကဗျာလေးများ)

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  5. အမုန်းမရှိတဲ့ စိတ်နှလုံးနဲ့

    အားလုံးကို ခွင့်လွှတ်ခဲ့ဖူးတယ်... ကြိုက်တယ်ဗျာ စာသားကတော့ လုံးဝ လန်းတယ်...:-)

    ReplyDelete
  6. ဒီကဗျာလေးကိုကြိုက်တယ်

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥