Pages

Tuesday, June 26, 2012

ထာဝရအတွက် .. မောင်



ကျွန်မက အချစ်တတ်ဆုံး မိန်းမလို့ ဘယ်တုန်းကမှ အသံမချဲ့ခဲ့ဘူး..
ရှင့်ကိုတော့ သိပ်ချစ်တယ် မောင်..

ရှင်ချစ်ခဲ့ဖူးတဲ့ မိန်းမတွေထက် ကျွန်မ အချစ်က သာတယ်လို့ ခပ်ထွားထွား လေသံနဲ့ မဆိုခဲ့ဘူး..
ယှဉ်နှိုင်းစရာ မလိုအပ်လောက်အောင် ကျွန်မအချစ်က  ရိုးရိုးလေးနဲ့ခမ်းနားတယ်..

လူတစ်ဦးနဲ့တစ်ဦး အချစ်စစ်ဆိုတာ ဘယ်လိုမွေးဖွားခဲ့ကြရလဲ သေချာမသိဘူးမောင်..
ကျွန်မရင်ထဲက အချစ်စစ်က ပျော်စရာအပျင်းပြေအနေနဲ့တော့ မွေးဖွားလာတာ မဟုတ်ဘူး..


အရာရာအားလုံးနီးပါးက အစဉ်ပြောင်းလဲနေတယ်..

ရှင်တစ်နေ့ပြောင်းလဲလာခဲ့ရင်  ကျွန်မက ရှင်ဘယ်တုန်းကမှ မှတ်တမ်းမတင်ခဲ့တဲ့
DIARY ထဲမှာပါ..

ဒါပေမယ့်..
ကျွန်မ အသက်ရှင်သ၍ ဖြစ်တည်နေမယ့် ပြက္ခဒိန်တွေနဲ့အတူ..
ရှင်ဟာ ကျွန်မရဲ့ ရက်စွဲတိုင်းမှာ ရှိလိမ့်မယ်..

10 comments:

  1. အားပါးပါး..သီချင်းသံလေးနဲ့ခံစားချက်လေးနဲ့..
    အ၇မ်းကို လွင့် မျောသွားတယ် ...

    ReplyDelete
  2. ရေးထားတာလေးတွေက ထိမိလိုက်တာ အားပေးသွားတယ်ကြည်ဖြူရေ

    ReplyDelete
  3. ဝင်ရောက် ခံစားသွားတယ် ညလေးရေ။
    သီချင်းလေးရောပေါ့။
    ပျော်ရွှင်ပါစေ

    ReplyDelete
  4. ပြက္ခဒိန်ရက်စွဲတိုင်းမှာ ရှိနေမယ့်သူလည်း ခံစားသိရှိနိုင်ပြီး သူ့ရဲ့ ရက်စွဲတိုင်းမှာလည်း အမြဲရှိနေနိုင်မှာပါ။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  5. ကဗျာလေးလား..ရင်ထဲထိတဲ့စာစုလေးပါပဲ..အဲ့လို အချစ်ခံရတဲ့သူတော့ သိပ်ကောင်းမှာပဲနော

    ReplyDelete
  6. အမကတော့ တော်တော်ရေးတတ်တယ်ဗျာ....
    ခံစားလို့ကောင်းတယ်...
    အားပေးသွားပါတယ် အမရေ....
    နောက်လာမယ့်ခံစားချက်လေးတွေကို ဖတ်ဖို့စောင့်နေမယ်....:)))

    ReplyDelete
  7. ထာဝရအတွက် မောင်တဲ့လား ညီမလေးရေ..
    ခေါင်းစဉ်ကစလို့ စာကြောင်းတိုင်းက မမြတ်ကို ဆွေးငေးသွားစေတယ်။

    ချစ်တဲ့
    မြတ်

    ReplyDelete
  8. ညလေးဆိုဒ်ကိုဝင်လာတာနဲ့ သီချင်းလေးနဲ့ ကြိုနေလေ့ရှိတာ သတိထားမိတယ်။
    အားပေးလျှက်ပါ ညလေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. ခံစားချက်စာစုက ထိမိတယ်။

    ReplyDelete
  10. “ဒါပေမယ့်..
    ကျွန်မ အသက်ရှင်သ၍ ဖြစ်တည်နေမယ့် ပြက္ခဒိန်တွေနဲ့အတူ..
    ရှင်ဟာ ကျွန်မရဲ့ ရက်စွဲတိုင်းမှာ ရှိလိမ့်မယ်..” ။။။

    ဒါဟာကျွန်မသိပ်ချစ်တဲ့ မောင့်အတွက်ပါတဲ့လားဟင် ... :)

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥