Pages

Tuesday, May 15, 2012

ငါသံယောဇဉ်အရှိဆုံး သူစိမ်းတစ်ယောက်



ရင်ထဲက မေ့ပျောက်မရသူ..

တွေးလိုက်တိုင်း.. အေးချမ်းစေသူ..

မြင်ယောင်တိုင်း ကြည်နူးစေသူ..

ငါ့မျက်ရည်တွေ လက်လှမ်းမမှီလည်း သုတ်ပေးရှာသူ..

ငါအမြဲသတိရအောင် သံစဉ်တွေ ဖန်တီးပေးသူ..

ငါ့အတွက် အမြဲအသင့်ရှိသူ..

ငါနဲ့ ဆွေမျိုးမတော်လည်း ငါ့ကို ဖော်ရွေသူ..

ငါနဲ့ မနီးခဲ့ဖူးလည်း ငါ့ကို မီးမောင်းထိုးပြသူ..

ငါနဲ့ဝေးတဲ့နေရာကနေ အားပေးပြီး.. နီးစပ်အောင်လည်း ဖန်တီးသေူ..

ငါ့ကို တစ်ရက်မှ မမေ့တတ်သူ..

ငါ့ကို ညတိုင်းလွမ်းတတ်သူ..

ငါ့ငိုသံမကြားလိုသူ..

ငါ့ဘ၀ကို အလှဆင်လိုသူ..

ငါ့အတိတ်ကို နားလည်လက်ခံသူ..

ငါ့အတွက် သူရဲကောင်းလို ကာကွယ်ပေးချင်သူ..



သူဟာ.. ငါ့ကိုဟန်ဆောင်ချစ်တဲ့ သူတွေထက်.. ယှဉ်မနိုင်အောင် အဆပေါင်းများစွာသာသူ..

သူဟာ.. ငါ့မေမေလို ငါ့ကို ကြင်နာတတ်သူ..

သူဟာ.. ငါ့ကဗျာကို ငါနဲ့ထပ်တူချစ်တဲ့သူ..

သူဟာ.. ငါ့သူငယ်ချင်းတွေလို ငါ့အတွက် အသင့်ရှိနေသူ..

သူဟာ.. စမ်းရေလို ကြည်လင်တဲ့အပြုံးနဲ့ ငါ့ရင်ကို ချမ်းမြေ့စေသူ..

သူဟာ.. ငါ့သောကတိုင်းကို သံစဉ်တွေထက် ခိုင်မာတဲ့.. စကားလုံးတွေနဲ့ ဆေးကြောပေးသူ..

သူဟာ.. ငါသံယောဇဉ်အရှိဆုံး သူ..

သူဟာ.. ငါဒီထက်ပိုမဝေးချင်တဲ့ သူ.. .. ..။

9 comments:

  1. အဲလိုသူတော့တွေ့ ချင်ပါရက်
    ကဗျာလေးအားပေးခဲ့ပါတယ်..

    ReplyDelete
  2. သယ်ရင်းရေ ကဗျာလေးဖတ်သွားတယ်.....သူဟာ ဘယ်လိုလူဖြစ်မလဲ ?

    ReplyDelete
  3. ကဗျာလေး ခံစားသွားပါတယ်..

    ReplyDelete
  4. ခံစားသွားပါတယ် အမရေ.....:)))

    ReplyDelete
  5. ကောင်းလိုက်တဲ့ ခံစားချက်စာစု လေးပါလား...
    လာရောက်မျှဝေခံ စားသွားပါတယ် ညီမလေးရေ...

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  6. ငါ့ကို တစ်ရက်မှ မမေ့တတ်သူ..
    ငါ့ကို ညတိုင်းလွမ်းတတ်သူ..
    ငါ့ငိုသံမကြားလိုသူ..

    လာလည်သွားတယ်နော် ညလေး..
    ကဗျာလေးလည်း အားပေးသွားတယ်..
    ညလေးပျော်ရွှင်ပါစေ :)

    ReplyDelete
  7. ညီမလေးရေ..
    ဒီကဗျာလေးကတော့ အိမ်မက်ရင် ကို တည့်တည့်ထိမှန်သွားစေတဲ့ ကဗျာလေးပါပဲ..
    တော်လိုက်တာ..
    ခင်တဲ့
    အိမ်မက်

    ReplyDelete
  8. ကောင်းလိုက်တဲ့ကဗျာလေးပဲ
    အချစ်စစ်စစ်ဖြင့် ဘ၀ကိုတည်ဆောက်နိုင်ပါစေလို့

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥