Pages

Sunday, May 13, 2012

မေမေ့အတွက် လွမ်းဆွတ်ခြင်းတစ်နေ့




 
နံနက်ခင်းမှာ ဖြာလင်းလာတဲ့ ရောင်ခြည်နဲ့အပြိုင်
နွေးထွေးနေတတ်တဲ့ မေမေ့ရဲ့နိုးထခြင်းကို မနက်နိုးတိုင်း သမီး သိပ်လွမ်းတယ်..

ညလေညှင်း တသင်းသင်းနဲ့ လရိပ်ရဲ့ အေးမြခြင်းနဲ့အပြိုင်
ချမ်းမြေ့စေတတ်တဲ့ မေမေ့ရဲ့ အပြုံးကို အိပ်ရာဝင်တိုင်း သမီး သိပ်လွမ်းတယ်..

သူငယ်ချင်းတွေက “Mohter’s day” အတွက် သူတို့တွေရဲ့ မေမေတွေကို
ချည်ထည်နွေးနွေး.. ရောင်စုံအသွေး မျိုးစုံ အဖုံဖုံစုံလင်လှတဲ့ လက်ဆောင်တွေနဲ့အထိမ်းအမှတ်ပြုကြတဲ့အခါ..
သမီးကတော့ မေမေ့ ဓါတ်ပုံရှေ့.. အမွှေးတိုင်ထွန်းပြီး မေမေဘုရားသွားကျောင်းတက်တဲ့ ၀တ်စုံကိုပဲ မျက်ရည်ပေါင်းများစွာကျပြီး ကန်တော့နေရပြီ ..

သမီးရဲ့မျက်ရည်တွေ.. မေမေရောက်ရှိနေတဲ့ဘုံဌာနမှာ မေမေပူလောင်မှုမဖြစ်ရစေဖို့ ဘုရားရှင်တော်ထံမှာ အကြိမ်ပေါင်းများစွာ သမီး တောင်းဆုပြုပါတယ် မေမေ..

ကြည်နူးစရာ အကြင်နာစကားပေါင်းများစွာအတွက်..
ရေတွက်မရနိုင်ခဲ့တဲ့ အနမ်းများစွာအတွက် ..
အဖိုးမဖြတ်နိုင်တဲ့ သွန်သင်ဆုံးမမှုပေါင်းများစွာအတွက်..
ဘယ်တော့မှ မဟောင်းနိုင်တဲ့ ချစ်ခြင်းမေတ္တာအတွက်..
ပူလောင်မှုတွေ ကင်းဝေးလှတဲ့ ခိုနားခဲ့ဖူးတဲ့အရိပ်အတွက်..
အပြစ်ပေါင်းများစွာကို မေတ္တာတရားနဲ့ ဆေးကြောပေးခဲ့တဲ့အတွက်..
အမှားပေါင်းစွာကို အကောင်းဆုံးပြုပြင်ပေးခဲ့ဖူးတဲ့အတွက်..
မျက်ရည်ပေါင်းများစွာကို အနူးညံ့ဆုံးသုတ်ပေးခဲ့တဲ့အတွက်..
 “ကျေးဇူးအနန္တပါပဲ မေမေ” ..။

7 comments:

  1. အမေလွမ်းချင်းလေ ဖတ်သွားပါတယ် ညီမရေ
    အမေများအားလုံးကျန်းမာကြပါစေ

    ReplyDelete
  2. ညီမလေးရယ်.. စာလေးဖတ်ပြီး စိတ်မကောင်းဖြစ်လိုက်ရတာ။ အစစ အရာရာ အဆင်ပြေပါစေ ညီမလေး။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်နော်။

    ReplyDelete
  3. ညီမလေးကြည်ဖြူရေ မကြီးလွမ်း အမေပိုစ့်လေး လာရောက်ဖတ်ပြီး ခံစားသွားတယ်။ စိတ်ထဲလည်း ခံစားမှု့လေး ဖြစ်သွားတယ်။
    ညီမလေး ပျော်ရွှင်ပါစေ



    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  4. အမေ အမေ အမေတိုင်းက မေတ္တာတရာကြီးမားလိုက်တာ

    ReplyDelete
  5. အမေအကြောင်းကတော့ဘယ်လိုပဲဖွဲ့ဖွဲ့ မကုန်နိုင်ပါဘူးနော်
    အမေ့ကိုသတိရတယ်ဗျာ

    ReplyDelete
  6. ငိုမိမတတ်ပါပဲ ဖတ်ရတာ

    ReplyDelete
  7. သူငယ်ချင်းရေ လွမ်းချင်းလေးကို ဖတ်ပြီး မေမေကို သတိရသွားတယ်...သူငယ်ချင်းလည်း ပျော်ရွှင်ပါစေ

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥