Pages

Tuesday, May 8, 2012

ဒီလိုတွေးပြီး ကြိုးစားရအောင်..


  • It matters not how long you live, but how well.
  • ဘယ်လောက်ကြာကြာနေခဲ့တယ်ဆိုတာအရေးမကြီးပါဘူး။ဘယ်လောက်ကောင်းကောင်းနေခဲ့တယ်ဆိုတာကအရေးကြီးတယ်။

  • Never measure the height of a mountain, until you have reached the top. Then you will see how low it was.
  • တောင်ထိပ်ကို မရောက်မခြင်း တောင်အမြင့်ကို ဘယ်တော့မှ မတိုင်းတာနဲ့။ တောင်ထိပ်ကိုရောက်မှ တောင်ဘယ်လောက်နိမ့်မှန်း သင်သိလိမ့်မယ်။

  • The distance is nothing; it is only the first step that is difficult.
  • အကွာအဝေးက အကြောင်းမဟုတ်ဘူး။ ပထမခြေလှမ်းကပဲ ခက်တာ။

  • Fortune helps those who dare.
  • ကံကြမ္မာက ရဲဝံ့သူကို ကူညီတယ်။

  • There is always danger for those who are afraid of it.
  • အန္တရာယ်ကို ကြောက်သူအတွက် အန္တရာယ်ဟာ အမြဲရှိတယ်။

  • If you think you can or think you can’t your’re probably right.
  • သင်လုပ်နိုင်တယ်လို့ ထင်သည်ဖြစ်စေ၊ မလုပ်နိုင်ဘူးလို့ ထင်သည်ဖြစ်စေ သင်မှန်နိုင်ပါတယ်။

  • The two most powerful warriors are patience and time.
  • အင်အားအကြီးဆုံး စစ်သည်တော်နှစ်ဦးက စိတ်ရှည်ခြင်းရယ်၊ အချိန်ရယ်။

  • All great achievement require time.
  • ကြီးကျယ်တဲ့ အောင်မြင်မှုတွေအားလုံး အချိန်လိုအပ်တယ်။

  • Discovery consists of seeing what everybody has seen and thinking what nobody has thought.
  • ရှာဖွေတွေ့ရှိခြင်းဆိုသည်မှာ လူတိုင်းမြင်ဖူးတာကိုမြင်ပြီး ဘယ်သူမှ မတွေးဖူးတာကို တွေးမိခြင်းဖြစ်တယ်။
 
  • The optimist sees the doughnut, the pessimist, the hole.
  • အကောင်းမြင်သမားက ဒိုးနတ်မုန့်ကို မြင်တယ်။ အဆိုးမြင်သမားက မုန့်က အပေါက်ကို မြင်တယ်။

  • Honesty is the first chapter in the book of wisdom.
  • ရိုးသားခြင်းဆိုတာ အသိပညာစာအုပ်ရဲ့ ပထမအခန်းဖြစ်တယ်။

  • The stars are constantly shining but often we do not see them until the dark hours.
  • ကြယ်တွေက အမြဲမပြတ် ထွန်းလင်းတောက်ပနေတာပါ။ ဒါပေမယ့် မှောင်မိုက်တဲ့အချိန်မရောက်မခြင်း သူတို့ကို မြင်ရလေ့ မရှိဘူး။

  • Opportunities are seldom labeled.
  • အခွင့်အလမ်းဆိုတာ တံဆိပ်ကပ်ထားခဲတယ်။

  • Dig the well before you are thirsty.
  • ရေမငတ်ခင် ရေတွင်းတူးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~ ✿ ~~~~~~~~~~~~~~~~~~~~~~~~~~~~

7 comments:

  1. မှတ်သားစရာလေးတွေအတွက်ကျေးဇူးပါ

    ReplyDelete
  2. မှတ်သားသွားပါတယ်

    ReplyDelete
  3. မှတ်သားစရာလေးတွေဘဲ....ကောင်းတယ်သယ်ရင်းရေ......

    ReplyDelete
  4. မှတ်သားစရာ ဒဿနလေးတွေ ဖတ်မှတ်သွားတယ် ညလေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. စကားပုံလေးတွေကောင်းတယ်ခင်ဗျ

    ReplyDelete
  6. သိပ်ကောင်းတဲ့အတွေးအခေါ်တွေပါပဲ
    အင်အားအကြီးဆုံး စစ်သည်တော်နှစ်ဦးက စိတ်ရှည်ခြင်းရယ်၊ အချိန်ရယ်။
    နှစ်ခုလုံးမရှိတာဘယ့်နှယ့်လုပ်မလဲ :P

    ReplyDelete
  7. မှတ်သားစရာတွေပါပဲ အားလုံးကိုမှတ်ထားတယ်

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥