ငိုချင်စိတ်ရယ်ပေါ့ တားမရဘူး
ရင်မှာကွယ် ချစ်မ၀အောင်ရူးလို့
မွှေးပျံ့ပျံ့စန္ဒကူးနဲ့
မေမေ့ပါးက သနပ်ခါးကို
ဆို့နင့်နင့် လွမ်းမိသလို တမ်းတတယ်..။
နှိုင်းမရ ပါကွယ်
တစ်ဘ၀မယ် မေမေသာရှိလို့
ဖြေမနိုင် ဒီရင်မှာ ချုံးကျပြီပေါ့
အဆုံးစမဲ့ မေတ္တာ.. ဂရုဏာနဲ့
ရှိသမျှ အကြင်နာတွေ ပေးခဲ့ရင်း
ကျွန်မအဖြစ်နဲ့ နေ့စွဲအသစ်ကို
နှုတ်မဆက်ပဲ ချန်ရစ်ခဲ့လေတယ်..။
















Yangon (Rangoon) Time
Bangkok Time
ကဗျာလေးကောင်းလိုက်တာညီမရေ
ReplyDeleteအားပေးခဲ့ပါတယ်
အမေဆိုတာ ...
ReplyDeleteသံသရာရဲ့ အိုအေစစ်
ချစ်ခြင်းမေတ္တာရဲ့ ပုံသက်သေ
မကြွေနိုင်တဲ့ ရွက်စိမ်းတစ်စ
ငါတို့ဘ၀ရဲ့ မီးအိမ်ရှင်ပေါ့လေ...
အမေအားလုံး ချမ်းမြေ့ပါစေ...
အမေတိုင်းရဲ့ ပါးပြင်က သနပ်ခါးလေးကတော့ ဘယ်တော့မှ ရနံ့မပြယ်ပဲ
ReplyDeleteနှလုံးသားမှာ စွဲမြဲစေပါတယ် ကဗျာကောင်းလေး အားပေးသွားပါတယ်
oh..really really nice pome...
ReplyDeleteအမေ မေတ္တာလေးဖော်ပြတဲ့ကဗျာလေးကတော်တော်ကောင်းပါဂျာ..
ReplyDeleteဧဒင်ကဗျာလေးတွေလာဖတ်သွားတယ်နော်..မိဘမေတ္တာလေးတွေဖော်ညွှန်းသွားတဲ့သူငယ်ချင်းကိုလေးစားပါတယ်...
ReplyDeleteခံစားရပါတယ်ဗျာ....
ReplyDeleteလောကဓမ္မတာလို့ပဲ တွေးမိပါတယ်...
မေမေကိုလွမ်းတဲ့ အကြောင်းတွေဖတ်ပြီးမခံစားနိုင်ပါဘူး
ReplyDeleteတူတူပဲသိလားလွမ်းတာကိုပြောပါတယ်