Pages

Wednesday, March 21, 2012

ပိုခက်ခြင်းများ


ဆို့နင့်နာကျင်ခြင်းကို ၀ှက်လို့ နှုတ်ခမ်းလေးကွေးပြီး ပြုံးဖို့ရာ တကယ်တော့ ခက်တယ်..
ဝမ်းနည်းကြေကွဲခြင်း စွက်လို့ ကျလုလုမျက်ရည်ကို ထိန်းဖို့က ပိုခက်တယ်..

လှမ်းမိတဲ့ ခြေလှမ်းက မှားတဲ့အခါ ရွေးခဲ့တဲ့လမ်းကို ဆက်လျှောက်ဖို့ တကယ်တော့ ခက်တယ်..
ဘယ်ဘက်ကိုလှမ်းရမယ်မသိပဲ လမ်းဆုံမှာ ရပ်ရင်း ဒွိဟစိတ်တွေနဲ့ အသက်ပြင်းပြင်းရှူရတာက ပိုခက်တယ်..

ရခဲ့ပြီးသားအရာကို မနှစ်မြို့တဲ့အခါ မလိုချင်လည်း ဖက်တွယ်ထားရတော့မယ့်အဖြစ်က ခက်တယ်..
မရသေးတဲ့အရာကို နေမြင့်တဲ့စိတ်နဲ့ ခပ်ရင့်ရင့်ရူးရင်း  တပ်မက်နေခြင်းက ပိုခက်တယ်..

သတ္တိရှိသူတစ်ယောက်နဲ့တွဲပြီး အသူရာနက်တဲ့ချောက်ထဲ ခုန်ချလိုက်ဖို့က ခက်တယ်..
သတ္တိမရှိသူတစ်ယောက်နဲ့တွဲပြီး တုန်တုန်လှုပ်လှုပ်နဲ့ တံတားအိုနင်းရတာ ပိုပြီးတော့ ခက်ပါတယ်.. ..။

 

7 comments:

  1. ဒီအတွေးလေးတွေကို ဖတ်ရတာထက် ရေးရတာ ပိုခက်မယ်ထင်တယ်....ကြည့်ဖြူရေ.........ကောင်းပါတယ်...အတွေးလေးတွေ..အားပေးလျှက်....

    ReplyDelete
  2. ခက်တယ် ခက်တယ်လို့  ထင်နေတာကိုက ခက်တယ် .. :P

    ReplyDelete
  3. ခက်ပါ နာ့နှမရယ် .. :P

    ReplyDelete
  4. ရွှေညီကိုMarch 22, 2012 at 11:44 PM

    ပိုခက်တာက ကို ပိုမိုက်တယ် .............

    ReplyDelete
  5. သတ္တိရှိသူတစ်ယောက်နဲ့တွဲပြီး အသူရာနက်တဲ့ချောက်ထဲ ခုန်ချလိုက်ဖို့က ခက်တယ်..
    သတ္တိမရှိသူတစ်ယောက်နဲ့တွဲပြီး တုန်တုန်လှုပ်လှုပ်နဲ့ တံတားအိုနင်းရတာ ပိုပြီးတော့ ခက်ပါတယ်.. ..

    ReplyDelete
  6. ညီမလေးရေ
    မှတ်သားစရာတွေပါပဲနော်

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥