Pages

Friday, March 23, 2012

ခပ်မှိုင်းမှိုင်း ညည်းချင်း

 

ငါ့အတ္တ နူးညံ့ပါတယ်
ငါခူးခပ်မိတဲ့ ထမင်းကတော့
သိုးနေလေရဲ့.. 


ငါ့သဘောထားကြီးကျယ်ပါတယ်..
ငါကူးခပ်တဲ့ပင်လယ်ကတော့
မေခလာနတ်သမီးမရှိခဲ့..


ငါ့ကဗျာချိုပါတယ်
ငါရတဲ့ဆုကတော့
ဂျာအေးရဲ့.. မျက်ရည်ပို .. လို..


ငါ့ကမ္ဘာသာယာပါတယ်
ငါပြုံးလိုက်တဲ့ခဏတော့
အဆိပ်နက်ပန်းတွေ ပွင့်လွန်းအားကြီးတယ်..။


7 comments:

  1. ကဗျာဆရာမလေး ကြည်ဖြူရေ လက်စောင်းထက်တဲ့ ကဗျာလေးတွေကို အားပေးသွားပါတယ်နော်........

    ReplyDelete
  2. ကဗျာလေးအားပေးခဲ့ပါတယ် ညီမရေ
    ခင်တဲ့...

    ReplyDelete
  3. ရင်တွင်းဖြစ်ကဗျာလေးက ရင်ထဲထိအောင်ပေါက်သွားတယ် ညလေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ငါ့သဘောထားကြီးကျယ်ပါတယ်..
    ငါကူးခပ်တဲ့ပင်လယ်ကတော့
    မေခလာနတ်သမီးမရှိခဲ့..ဆိုတဲ့စာသားလေးကိုကြိုက်တယ်ဂျာ....ကျေးဇူးဘဲ...နော်..

    ReplyDelete
  5. အတ္တတွေ နူးညံ့ပေမယ့် ထမင်း သိုးနေတယ်

    ReplyDelete
  6. မနေ့ကလာဖတ်သွားပါတယ်..
    ကွန်မန့်ရေးခဲ့တယ်ထင်တာမတွေ့ လို့ပြန်ရေးသွားပါတယ်..
    ပျော်ရွှင်ပါစေညီမရေ

    ReplyDelete
  7. ငါ့ကဗျာချိုပါတယ်
    ငါရတဲ့ဆုကတော့
    ဂျာအေးရဲ့.. မျက်ရည်ပို .. လို..


    .. အဲ့စာသားလေးကို အရမ်းခိုက်ပါ၏။

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥