Pages
Wednesday, March 21, 2012
ကျွန်မဘ၀ရဲ့ ၀န်ခံချက်
ဆုံဆည်းခွင့်တစ်ခုရဲ့ အစဟာ နောက်ထပ်တစ်ဖန် ထပ်ခွဲခွာခြင်းအတွက် နိဒါန်းဆိုတာကို ကျွန်မနဲ့ မည်သူမဆို လက်ခံနိုင်အောင် မှန်နေမှာဖြစ်ပေမယ့်လည်း အဲ့ဒီခွဲခွာခြင်းကိုပဲ နှလုံးသွင်းပြီး တုန်လှုပ်နေဖို့အတွက် ကျွန်မရဲ့ အချိန်တွေကို မျှပေးဖို့တော့ မဖြစ်နိုင်ပါ..
ကျွန်မ ချစ်ခင်တဲ့သူတွေူနဲ့  ကောင်းမွန်စွာ တွေ့ဆုံပြီး အဆင်ပြေပြေနဲ့ နွေးထွေးစွာ ဆက်ဆံရင်း ရှင်သန်နေခွင့်ရမယ့် အချိန်တွေကို စနစ်တကျလေးပဲ အသုံးချနေချင်ပါတယ်..။
တကယ်တော့ ကျွန်မဒီအသက်အရွယ်ထိအရောက်မှာ ကျွန်မကို ခွဲခွာတဲ့သူပေါင်း မည်မျှရှိခဲ့လဲဆိုတာကို မှတ်သားခဲ့ခြင်းမရှိသလို မှတ်မိနိုင်တဲ့အနေအထားလည်း မရှိတော့လောက်အောင် များပြားခဲ့တာကတော့ သေချာပါသည်။
လောကကြီးမှာ ကိုယ်က တစ်ပါးသူဆီက ထွက်ခွာလာလိုက် တစ်ပါးသူတွေက ကိုယ့်ဆီက ထွက်ခွာသွားလိုက်နဲ့  တွေ့ကြုံဆုံကွဲနေတဲ့ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ပဲ တစ်နေ့တာများစွာကို မသိသလိုလို သိသလိုလို .. မသိချင်ယောင်ဆောင်သလိုလို.. (အမှန်တော့ ၀မ်းနည်းစရာရှိမယ့်အဖြစ်တွေကို မသိကျိုးကျွံပြုလိုက်ခြင်း) နဲ့ ဖြတ်သန်းနေကြတဲ့ သူတွေကြားမှာ ကျွန်မလည်း ၀မ်းနည်းခြင်းတွေကို မလိုအပ်ပါပဲ အသိစိတ်နဲ့ ခံစားပြီး မျက်ရည်စီးကျနေဖို့လောက်နဲ့တော့ အချိန်တွေကို မဖြုန်းတီးနေချင်တော့ပါ။ ဖီးနစ်ငှက်တစ်ကောင်လို မီးလျှံကို အံတုရင်း ကိုယ်တတ်တဲ့ပညာလေးနဲ့ အသက်မွေးဝမ်းကြောင်းပြုလို့ အကောင်းဆုံးရှင်သန်နေချင်ပါတယ်။
(ခုချိန်ထိတော့ မသိစိတ်တစ်ချို့ကို နားလည်ဖို့ ကြိုးစားရင်း ကျွန်မကတော့ ရင့်ကျက်ခြင်းမှာ တည်ငြိမ်မှု မရသေးကြောင်း ၀န်ခံရပါလိမ့်မယ်)
3 comments:
  1. ရင်ထဲကခံစားချက်အတိုင်းသာ ပွင့်လင်းစွာရင်ဆိုင်လိုက်ပါ ညလေးရေ။
    လတ်တလောခက်ခဲပေမယ့် အချိန်တစ်ချိန်ကျရင်အဆင်ပြေသွားမှာပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  2. ကြည်ရေ..
    ဒီပို့စ်လေးက
    အမှတ်တရ နေ့တစ်နေ့နေ့အတွက်များလား :D
    ထောက်ခံသွားပါတယ်ရှင်း)
    ပျော်ရွှင်ချမ်းမြေ့ပါစေ...
    ချစ်ခင်လျှက်
    ReplyDelete
  3. ဘ၀မှာ ပျော်ရွှင်ရင့်ကျက်ပါစေ ... :)
    ReplyDelete
အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..
အားပေးမှုတွေအတွက် ကျေးဇူးပါရှင်
Facebook Comment
Facebook Page
♥ Love Poem ♥