Pages

Saturday, March 17, 2012

အနာဂါတ်မဲ့သူ




မီးကိုမြင်ရက်နဲ့
ဘယ်ညာမချိုး
ဇွတ်တိုးဝင်ခဲ့တဲ့ 

ပိုးဖလံငယ်လေးရေ ..
ရေးတေးတေး မျှော်လင့်ချက်တွေကို
စိတ်ကူးချိုချို 

အတွေးဝင်းဝင်းနဲ့
အသက်သွင်းချင်လို့ ..
မင်းကိုယ်တိုင် မင်းစတေးခံပြီးမှ
အရုဏ်ဦးကို 

ရှာတွေ့ခဲ့တယ်ဆိုရင်တော့
လောင်ကျွမ်းခံရပြီးတဲ့ 

မင်းရဲ့ မနက်ဖြန်တွေကို
ငါ တကယ်နှမြောမိတယ် _____ !_!

10 comments:

  1. စိတ်ကူးကောင်းတဲ့ကဗျာလေးခံစားသွားပါတယ်

    ReplyDelete
  2. ရင်ထဲထိသွားတယ်ဂျာ...ကျေးဇူးတင်တယ်နော်...

    ReplyDelete
  3. ညီမရေ..ကဗျာရေးတာအရမ်းတော်တယ်...

    ReplyDelete
  4. ဘယ်သူ့ကိုရည်ရါယ်တာလည်းတော့မသိဘူး...
    ကဗျာလေးကတော့ကောင်းသလိုလိုဿဲ့ စောင်းမြေင်းရေးထားတာမှန်းသိသာတယ်...
    ကင်းကင်းရှင်းရှင်းတွေရေးဖို့ကြိုးစားပါအုံးရှင်...

    ခင်တဲ့
    မိစံ

    ReplyDelete
  5. ကဗျာလေး ကောင်းတယ်ဗျ.....ခံစားသွားပါတယ်......

    ReplyDelete
  6. ကဗျာလေးတွေလည်းကောင်း ပန်းလေးတွေလည်းလှ သီချင်းကောင်းလေး
    နားထောင်ရင်း မွှေနောက်သွားတယ် ညလေးရေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ကဗျာလေးက ကောင်းလိုက်တာ
    လေးစား အားကျမိပါရဲ့

    ReplyDelete
  8. ကဗျာဆိုတာ အဲလိုမြင်တတ်တွေးတတ်ရေးတတ်ရတယ်နော်
    အရမ်းတော်တယ်

    ReplyDelete
  9. ညလေး ..အိမ်မက်ရောက်တယ်..
    ကဗျာလေးလဲ ဖတ် ..လင့်လေးလဲ ယူသွားတယ်..
    အိမ်မက်

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥