လေကြီးမိုးကြီးတိုက်ပါစေ
အပူတွေလွင့်မျောစေ" ပေါ့ ..။
ဒီလို.. ဆုတွေနဲ့
ကလေးတစ်ယောက်လို ..
မလန်းတဲ့ကမ္ဘာကို ရွှင်လန်းဖို့
ဆန္ဒနဲ့ တမ်းတမ်းတတလေး
တောင်းဆိုတဲ့ ငါ့ကိုမှ
ကျိန်ဆဲသူရယ်လို့
သူတို့ဆိုလေတယ်..။
စက်ဆုတ်ဖွယ် အတ္တကို
နတ်သုဒ္ဒါနဲ့တောင် မလဲတဲ့
တစ်ချို့.. တစ်ချို့တွေရဲ့
သစ်သမျှ နှစ်တွေကို
ငါ.. အလိုမရှိလေတော့.
ကမ္ဘာပျက်မယ့်ရက်ကို
လက်ချိုးရေနေတယ်လို့ ဆိုရင်
စေတန်တကောင်ရဲ့သမီးလို
ခပ်ဝေးဝေးက .. ငါ့ကို
ရှောင်လေတယ် ..။
သြော်..
မှောင်မှာကို
ကြောက်လို့သာ နေတော့တယ်..
အယောင်ယောင်အမှားမှားတောင်
ကမ္ဘာပေါ် သစ္စာမရှိ..
အနှစ်ဆိုတာကို သေချာမသိတော့
အနှစ်ဆိုတာကို သေချာမသိတော့
နိယာမသဘောတရားအောက်
အသိများလည်း ပျောက်လို့
ရိုးရာတွေ အကုန်မှောက်ပစ်တယ်..
အင်း ..
ခက်လေတဲ့.. သူတွေရယ် .. ။
အင်း ..
ခက်လေတဲ့.. သူတွေရယ် .. ။
ကဗျာလေးတွေက မိုက်တယ် ပုံစံတစ်မျိုးပဲ .. :)
ReplyDelete