မင်း အဝေးမှာ ရှိနေပါလျက်
သတိတရ ခံစားမိသည့်အခါ
မင်းအပြုံးများကို အနီးဆုံးမှာ မြင်နေရပါသည်..။
မိုင်ပေါင်းများစွာ ဝေးနေမှန်း သိပါလျက်
အတားအဆီးဆိုတာ.. မေ့ချင်သည့်အခါ
ကြည်နူးစရာ အိမ်မက်တွေနှင့် ဖုံးလွှမ်းတတ်ပါသည်..။
ဆန္ဒတွေက မဖြစ်သင့်မှန်း သိပါလျက်
မင်းနဲ့ငါ ... ဘာကိုမှ မစဉ်းစားချင်သည့်အခါ
အချိန်တွေကို... ရင်ခုန်သံနဲ့ တန်ဆာဆင်တတ်ပါသည်..။
ငါ့အတွက် ဆုလာဘ်မဟုတ်မှန်း သိပါလျက်
မင်းနဲ့ ဆုံခွင့်ရသည့် ကံကြမ္မာကို ကျေးဇူးတင်သည့်အခါ
ငါ့အတ္တတွေက နူးညံ့နေမှန်း သိခွင့်ရပါသည်..။
ငါ့ရင်ထဲမှာ မာနတစ်ချို့ ရှိနေပါလျက်
မင်းမျက်နှာ မြင်ယောင်လိုက်သည့်အခါ
ပေးဆပ်ချင်သော သတ္တိတွေ ပေါ်လာတတ်ပါသည်..။
အတွေးထဲမှာပင် သေချာပြီမှန်း သိပါလျက်
ငါဝန်မခံချင်သည့် အရာမှာ
(အချစ်)ပင်ဖြစ်ပါ၏။
ငါ့အတွက် ဆုလာဘ်မဟုတ်မှန်း သိပါလျက်
ReplyDeleteမင်းနဲ့ ဆုံခွင့်ရသည့် ကံကြမ္မာကို ကျေးဇူးတင်သည့်အခါ
ငါ့အတ္တတွေက နူးညံ့နေမှန်း သိခွင့်ရပါသည်..။
အချစ်ကြောင့် ပေးဆပ်ချင်သော သတ္တိတွေပေါ်လာတတ်ပါသည်။
ReplyDeleteငါ့အတ္တတွေလည်း နူးညံ့နေပါသည်