Pages

Thursday, January 19, 2012

ကျွန်မနှင့်ဘဝ

လက်ကလေး မလှပေမယ့်
လက်ရေးလှအောင် ရေးတတ်ခဲ့သည်..

ဆရာတော့ မဟုတ်ပေမယ့်
ကဗျာတော့ဖြစ်အောင် ရေးတတ်ခဲ့သည်..

ရုပ်ကလေး မလှပေမယ့်
နှလုံးသားလှအောင် နေတတ်ခဲ့သည်..

ဘ၀လေး မလှပေမယ့်
အတ္တပါးအောင် နေတတ်ခဲ့သည်..

အပြုံးတွေ မွဲပေမယ့်
အမုန်းတွေနည်းအောင် နေတတ်ခဲ့သည်..

အရှုံးတွေ များပေမယ့်
အဆုံးထိရောက်အောင် လှမ်းတတ်ခဲ့သည်..

ဂရုစိုက်သူ မရှိပေမယ့်
အတုပိုက်သူတွေကြား ပျော်တတ်ခဲ့သည်..

အခါခါ လဲပေမယ့်
နာကျင်ရက်နဲ့ ထတတ်ခဲ့သည်..

အကြိမ်ကြိမ် သေခဲ့ပေမယ့်
မျှော်လင့်ချက်နဲ့ ရှင်တတ်ခဲ့သည်..

ဒဏ်ရာများစွာ ပိုင်ခဲ့ပေမယ့်
ကြယ်တာရာများနှင့်အပြိုင် လင်းလက်ချင်သူမှာ
ကြည်ဖြူခင်ခင် ဖြစ်ပါ၏.. .. ..။

6 comments:

  1. ယူသုံးပါရစေဗျာ

    ReplyDelete
  2. ဖြစ်ချင်တာလေးတွေ ပြည့်စုံပါစေ...... ကြယ်တာရာများနှင့်အပြိုင်ထက် ကြယ်တာရာများထက် ပိုပြီးလင်းလက်နိုင်သူလေး ဖြစ်ပါစေနော်........

    ReplyDelete
  3. ခုလိုအားပေးတဲ့အတွက် ကျေးဇူးပါပဲရှင်.. တကယ်ပါ.. အားရှိပါတယ်..

    ReplyDelete
  4. အရမ်းကောင်းတယ်...

    ReplyDelete
  5. စာသားတွေက အရမ်းနူးညံ့တာပဲ။ အရမ်းနှစ်သက်ပါတယ်။

    ReplyDelete
  6. ရင်လှိုင်းFebruary 24, 2014 at 2:29 PM

    အကြိမ်ကြိမ်သေ ပေမယ့် မျှော်လင့်ချက်နဲ့ ရှင်သန်နိုင်အောင် ကြိုးစာရမှာပေါ့နော်။

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥