ပရိတ်သတ်မရှိတဲ့
သတို့သမီးတစ်ယောက်ဟာ..
အနည်းဆုံး ခမ်းနားတဲ့အပြုံးလောက်တော့..
သူပွင့်နိုင်ပါတယ်..
အားနည်းချက်တစ်ခုက..
ဆန္ဒတစ်ခုကို ခွင့်မပြုနိုင်ပေမယ့်..
သူ့အတွေးထဲမှာ..
ကျေနပ်နေနိုင်အောင်..
သူဟာ ကံကောင်းချင်ကောင်းမယ်..
သူကံဆိုးမယ်ဆိုလည်း..
ခံယူနိုင်တဲ့ သတ္တိ သူ့မှာရှိနေလိမ့်မယ်..
တကယ်ပေးဆပ်မှုမှာ..
အတ္တ.. ရမ္မက် ကင်းကင်းနဲ့..
သန့်ရှင်းတယ်..
သူကိုယ်တိုင်လည်း ..
ဒါကို ကျေနပ်လက်ခံထားတယ်..
ခံစားချက်က..
ရင်ထဲမှာ အမြစ်တွယ် ရှင်သန်နေလို့…
ကွယ်ရာကနေဆုတွေခြွေနေတယ်..
အဆင်ပြေပါစေပေါ့..
ဘ၀ဆိုတာ..
ငိုခြင်းရယ်ခြင်း. ပေါင်းစပ်ထားတဲ့..
ဝတ္ထုတစ်ပုဒ်လိုပါပဲ..
သူဖတ်ဖူးတဲ့ ၀တ္ထုတွေထဲမှာတော့..
ဒါဟာ အလွမ်းဆုံးပဲဖြစ်မယ်..
ကံတရားက ..
အမှန်ရဲ့တစ်ဖက်မှာပဲ..
အမြဲတမ်း ရှိနေတာမှမဟုတ်တာ ..
သူ ရွာလည်နေတုန်းလေးတော့..
သည်းခံရမှာပေါ့..
ရောင့်ရဲနိုင်ခြင်းထက်..
တပ်မက်တဲ့ စိတ်မရှိတာ ပိုကောင်းမယ်..
စွန့်လွှတ်ခြင်းထက် ..
ဆန္ဒမရှိတာ ပိုကောင်းမယ်..
ဒါပေမယ့် သိနေသော်လည်း ..
တွေဝေနေဆဲပဲ..
သူဟာ တကယ်တော့ ..
အစွဲအလမ်းကြီးတဲ့ စိတ်က ..
သူ့ကို ပြန်သတ်နေတယ်..
သူသိရက်နဲ့ သေပါစေတဲ့..
တစ်စုံတစ်ယောက်ကို အဲ့ဒီလောက်ထိ..
သူ့အသက်ထက် တန်ဖိုးထားခဲ့တာပါ..။
No comments:
Post a Comment
အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..