ငါသိပ်ကြိုက်တဲ့ ဂျင်းတစ်ထည်ရှိတယ်..
ဖွာလန်ကြဲအောင် စုတ်ပြတ်သတ်နေပြီ ..
ငါ ၀တ်တုန်း ..။
ငါသိပ်လေးစားတဲ့ ဆရာတစ်ယောက်ရှိတယ်..
စိတ်ပျက်စရာကောင်းအောင် အရက်သမားဖြစ်နေပြီ ..
ငါ ရိုသေတုန်း..။
ငါသိပ်ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်..
အဖတ်ဆည်မရအောင် ဘ၀ပျက်နေပြီ..
ငါတွဲတုန်း ..။
ငါသိပ်ချစ်တဲ့ မေမေတစ်ယောက်ရှိတယ်..
ဝေးလွင့်သွားအောင် ကမ္ဘာခြားသွားပေမယ့်..
ငါပြန်လိုချင်နေတုန်းပဲကွယ် .. ..။















Yangon (Rangoon) Time
Bangkok Time
အမရေ အမ အမေကိုတောင် တွေ့ဖူးချင်လာပြီဗျာ..။
ReplyDelete