Pages

Saturday, July 7, 2012

ဖြေကြည့်မိချိန်လေးမှာ..



ဘာကိုမှ မှန်းမရတဲ့ လောကထဲမှာ စမ်းတ၀ါးဝါးနဲ့
ကံကောင်းခြင်းတွေကို လိုက်ဖမ်းဖို့ကလည်း မလွယ်ပါဘူး..

အသံတွေ အက်လာတဲ့ ကမ္ဘာမှာ နာမ် မပျက်အောင် သတိနဲ့နေရင်း
အသက်ရှူရတာတာကလည်း မလွယ်ပါဘူး..

အရာမှန်သမျှ မမြဲလှတဲ့ လောကကြီးမှာ ချစ်ရတဲ့လူသားတစ်ဦးကို ထာဝရဆုံးရှုံ့းပြီးတဲ့နောက် ..
ဘယ်သူ့ကိုမှ သံယောဇဉ်မထားတော့ဖို့ဆိုတာကလည်း  မလွယ်ပါဘူး..

အမှတ်ကြီးသူတစ်ယောက်အနေနဲ့ နာကျင်စရာမှန်သမျှအားလုံး
ခပ်လွယ်လွယ်နိဂုံးချုပ်လိုက်ဖို့ကလည်း မလွယ်ပါဘူး..
ဒါပေမယ့်လည်း.. ဒါပေမယ့်လည်းပေါ့..

ကျွန်မခံစားချက်လေးတွေကို ပြန်သုံးသပ်ရင်း ပေါ်လာတဲ့ အတွေးတွေက..

ကံကောင်းခြင်းတွေကို လိုက်ဖမ်းဖို့ထက် လူတိုင်း ပိုပြီးကြိုးစားသင့်တာက.. ရိုးသားခြင်းပါ

အသံအက်လာတဲ့ ကမ္ဘာမှာ ဟန်ချက်မပျက်စေဖို့အတွက်တော့ လူတိုင်း အချိန်ရသလောက် စာတွေကို ပိုဖတ်သင့်ပါတယ်..

သံယောဇဉ်ဆိုတာကတော့ လူ့အသိုင်းအ၀ိုင်းကြားမှာအသက်ရှင်သန်နေရသ၍
တန်ဖိုးထားရမယ့်အရာပဲလေ..

အမှတ်ကြီးသူပေမယ့်လည်း တကယ်တော့ နာကျင်စရာဆိုတာ
ကိုယ်ကသာသတ်သတ်မှတ်မှတ် ခံယူနေခဲ့လို့သာ မဟုတ်လား..

ဒါကို ၀ဋ်ကြွေးတစ်ခုလို့ ဖြေဆည်ပြီး
လူ့လောကကြီးကို အကောင်းမြင်ကြည့်ကြပါစို့။

နာကျင်စရာဆိုတာ ကြာတော့လည်း နေလာနှင်းပျောက်သလို
နှလုံးသားထဲကနေ တစ်ဖြေးဖြေးတော့ လွင့်စင်သွားမှာပါ.. ..

8 comments:

  1. “နာကျင်စရာဆိုတာ ကြာတော့လည်း နေလာနှင်းပျောက်သလို
    နှလုံးသားထဲကနေ တစ်ဖြေးဖြေးတော့ လွင့်စင်သွားမှာပါ.. ..။” ... သိပ်ကိုနှစ်သက်တဲ့ စာသားလေးပါပဲ မမရေ ... :)

    ReplyDelete
  2. စာသားတွေ အရမ်းကောင်းတယ်

    ReplyDelete
  3. ရေးထားတာကောင်းလိုက်တာ.. အမြဲအားပေးနေပါတယ်ကြည်ဖြူရေ..ကဗျာတွေ အများကြီးထပ်ဖန်တီးနိုင်ပါစေ

    ReplyDelete
  4. ဟုတ်တယ် အကောင်းဘက်ကပဲ မြင်တာ ကောင်းပါတယ်....:-)

    ReplyDelete
  5. “နာကျင်စရာဆိုတာ ကြာတော့လည်း နေလာနှင်းပျောက်သလို
    နှလုံးသားထဲကနေ တစ်ဖြေးဖြေးတော့ လွင့်စင်သွားမှာပါ ”

    ဆိုတာလေးကိုအကိုအရမ်းနှစ်သက်တယ်...အားပေးလျှက်ပါ
    ညီမလေးရေ...

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  6. ညီမလေးရေ..

    စာသားတွေက အကုန်အနှစ်သာရ ရှိတာမို့
    တဝကြီးအားပေးသွားတယ်နော်.


    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  7. မမြတ်လာလည်တယ် ညီမလေးရေ။
    ခံစားချက်လေးတွေထည့်ရေးထားလို့ထင့်.. စာစုလေးက ဖတ်လို့ ကောင်းလိုက်တာ။း)

    ReplyDelete
  8. မမကြည်ဖြူရေ စာသားတွေလည်းအရမ်းကောင်းတယ်
    ကဗျာကိုလည်းအရမ်းကြိုက်ပါတယ် ^_^

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥